"Stupid Rabbit Was Ran From Me Again!"
Part- 14(ငါ့ရဲ့အနာဂတ်ကမင်း)
For unicode
ရိပေါ်ဟာသူနဲ့ချစ်သူဖြစ်ပြီးတည်းကသူနားမှာပွတ်သပ်ပြီးခွေးပေါက်လေးလိုကပ်နေခဲ့သည်။သူအလုပ်ကရောက်ပြီဆိုတာနဲ့အိပ်သည့်အချိန်အထိစကားတွေတတွက်တွက်ပြောကာချစ်စကားတွေတီတီတာတာပြောနေတတ်သည်။ဂိမ်းကစားရင်တောင်သူ့နားကမခွာ။
သူကတော့ထွေထွေထူးထူးပြန်ပြောနေစရာမလို၊သူလုပ်သမျှကိုရိပေါ်ကကြိုသိနေတတ်သည်။ချစ်သူတစ်ယောက်ရလိုက်တာလည်းကောင်းသား။အဝတ်အစားအဆုံးနောက်ဆုံးအတွင်းခံထိတောင်သူကဘဲဝယ်ပေးသည်။
ရိပေါ်ကလည်းသူ့စကားအတိုင်းလူတွေရှေ့ရောက်လျင်ခပ်တည်တည်သာနေတတ်ပြီးသူ့ရုံးခန်းရောက်ရင်တော့သူ့ကိုပွေ့ဖက်နမ်းရှုံ့နေတတ်သည်။သူမှာသာဉက္ကဌသားကိုရည်းစားတော်မိထားလို့လူမိမှာကိုရင်တထိတ်ထိတ်နဲ့စိတ်ပူနေရသည်။
ဒီနေ့လည်းပါးကအိမ်ကိုခေါ်ထားသောကြောင့်သူဝမ်အိမ်တော်ကိုလာရပြန်သည်။ရိပေါ်ကတော့မနေ့ညကတည်းကအရင်ပြန်သွားခဲ့သည်။သူကအမှားလုပ်ထားသူမို့သူစိတ်မလုံပေ၊တကယ်လို့သာသူတို့အကြောင်းရိပ်မိသွားရင်သူဘာလုပ်ရမှန်းသိမည်မဟုတ်။မားတို့ဆုံးဖြတ်ချက်အတိုင်းသာလက်ခံရမှာပင်။
"ကိုကို!!"
"ကျန့်ကျန့်"
သူ့ညီမမေ့ကသူ့ကိုမြင်တော့ကြက်တောင်ရိုက်နေရာကနေသူဆီပြေးလာပြီးသူ့အပေါ်ခုန်တက်သည်။
"မေ့မေ့ကိုကို့ကိုလွမ်းနေတာ"
"ကိုကိုလည်းလွမ်းပါတယ်"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanficသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...