"Stupid Rabbit Was Ran From Me Again!"
Part- 13(💚❤️)
for unicode
"ဒုန်း..ဒုန်း
ရှောင်ကျန့်!"ရှောင်ကျန့်မှာအိပ်နေရာကနေတံခါးထုသံကြောင့်နိုးလာရသည်။ညဉ့်လည်းနက်နေပြီ။ဒီအသံကြောင့်သူတောင်နိုးလာခဲ့ရင်ဘေးဘက်အခန်းတွေကလူတွေလည်းမေတ္တာပို့နေလောက်ပြီ။အသံကလည်းနှစ်ယောက်မရှိတဲ့ဝမ်ရိပေါ်အသံကြီး။
သူ့မှာထော့နဲထော့နဲနဲ့တံခါးသွားဖွင့်လိုက်ရသေးသည်။
"ရှောင်ကျန့်"
"မင်း passwordမသိဘူးလား
ဘာလို့တံခါးကိုတဒုန်းဒုန်းထုနေရတာလဲ""မင်းလာဖွင့်ပေးတာကြိုက်လို့.."
ရှောင်ကျန့်အခန်းမီးတွေအကုန်ဖွင့်လိုက်မှရိပေါ်မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လာရသည်။
သူ့မျက်နှာမှာဒဏ်ရာတွေကဖူးယောင်နေသည်။"ရိပေါ်...ဘာဖြစ်လာတာလဲ"
"ရန်ဖြစ်လာတာ"
ရှောင်ကျန့်သူ့ဒဏ်ရာကိုကြည့်မလို့လုပ်တော့ရိပေါ်တစ်ဘက်ကိုမျက်နှာလွှဲလိုက်သည်။ရှောင်ကျန့်ကလည်းသူ့မျက်နှာကိုလက်နှစ်ဖက်ကာနဲ့ဆွဲယူကာသေချာကြည့်သည်။
"ကျစ်"
"ရောင်နေပြီ"
ရှောင်ကျန့်ကသူ့မျက်နှာနဲ့ဒီလောက်နီးကပ်နေတာကိုမသိဘူးလား။ရိပေါ်ရှောင်ကျန့်ခါးကိုဆွဲဖက်ကာရင်ချင်းဆွဲအပ်လိုက်သည်။မျက်နှာချင်းကနီးကပ်နေတာတစ်လက်မလောက်သာ။ရှောင်ကျန့်အသက်ရှုသံတွေကသူ့နှာခမ်းနားကိုလာရိုက်ခတ်သည်။တိတ်ဆိတ်နေသောအခန်းထဲမှာတစ်ယောက်ရင်ခုန်သံကိုတစ်ယောက်ကကြားရလောက်သည်။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanficသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...