Part - 18(ဒုတိယအကြိမ်အလိုမတူဘဲသိမ်းပိုက်ခြင်း)

10.5K 842 12
                                    

"Stupid Rabbit Was Ran From Me Again!"

Part -18(ဒုတိယအကြိမ်အလိုမတူဘဲသိမ်းပိုက်ခြင်း)

For unicode

"ရှောင်ကျန့်.."

"‌ဗျာ..ပါး"

"မင်းရောရိပေါ်ကိုကြိုက်နေတာလား"

ရှောင်ကျန့်ကခေါင်းကိုသာတွင်တွင်ငုံ့ထားပြီးဘာမှပြန်မဖြေ။ငုံ့ထားတဲ့ခေါင်းကတော့မြေကြီးထဲဝင်သွားချင်နေလောက်သည်။ငုံ့ထားတဲ့‌ေခါင်းက‌ေနမျက်ရည်တွေလည်းတပေါက်ပေါက်ကျနေသည်။

"မင်းတို့နှစ်ယောက်အပြင်ထွက်သွားကြ"

"ပါး..
ပြောစရာရှိရင်ကျွန်တော့ကိုပြော
ဒီကိစ္စမှာကျွန်တော်လည်းနားထောင်ခွင့်ရှိတယ်"

"ငါနောက်ထပ်မပြောချင်ဘူးနော်ရိပေါ်"

"သားပါးကရှောင်ကျန့်ကိုဘာမှမလုပ်ပါဘူး
လာ.."

မိခင်ဖြစ်သူမှာသာပေကပ်ကပ်ကျန်နေသေးသောသားဖြစ်သူကိုအခန်းအပြင်ဆွဲထုတ်လာရသည်။ဒီအခြေအနေနဲ့ဖခင်ဖြစ်သူဆီမှာအထိုးမခံရတာကိုကကံကောင်းပေသည်။ဘာဆက်လုပ်မလဲဆွေးနွေးကြပါစေ...။

ရိပေါ်သိသည်။ရှောင်ကျန့်ဘာကိုရွေးချယ်မယ်ဆိုတာ..။သူမသိအောင်ဒီအခြေအနေထိရောက်အောင်စီစဉ်ကတည်းကသူသိသည်။‌ငါ့ဘက်ကိုနည်းနည်းလောက်စဉ်းစားပေးပါလားရှောင်ကျန့်ရာ...။ငါကြိုးစားနေတာတွေကငါ့အတွက်လည်းမဟုတ်ဘူး၊မင်းအတွက်လည်းမဟုတ်ဘူး၊ငါတို့နှစ်ယောက်လုံးအတွက်။ငါ့ကိုတစ်ခါလောက်ရွေးချယ်ပေးစမ်းပါ..။

တစ်နာရီလောက်ကြာတော့ပါးကထွက်လာသည်။မျက်နှာအမူအယာကတော့ဘာမှခန်းမှန်းလို့မရ။ဘာတွေပြောနေကြလို့ဒီလောက်ကြာရတာလဲ။

"ပါး.."

"သွားကြမယ်ရီဟွေ့"

"ပါး..
ရှောင်ကျန့်ကော
သူ့ကိုဘာတွေပြောခဲ့တာလဲ"

ရိပေါ်အသံကစိတ်လှုပ်ရှားမှုများနှင့်တုန်ရီနေသည်။

"မင်းတို့နှစ်ယောက်ကိစ္စမင်းတို့ရှင်းကြ
ပြန်မယ်ရီဟွေ့"

ပါးကမားကိုခေါ်ပြီးထွက်သွားသည်။သူအခန်းထဲဝင်လိုက်တော့ရှောင်ကျန့်ကမူလနေရာမှာဘဲငုတ်တုတ်ထိုင်နေသည်။မျက်နှာမှာတော့မျက်ရည်တွေခမ်းခြောက်လျက်။

''Stupid Rabbit Was Ran From Me Again!'' (COMPLETED)Where stories live. Discover now