"Chawတို့ ဒီခွဲစိတ်မှုပြီးတာနဲ့ တန်းလက်ထပ်ကြမယ်မလား?"
ကလေးဆန်လွန်းတဲ့ ချစ်သောရဲ့အပြောမှာ Sana ငွေ့ငွေ့ကလေးပြုံးလိုက်ပြီးတော့ Wheel Chairကို တွန်းပေးနေတဲ့ချစ်သောကို မော့ကြည့်လိုက်မိတယ်။ချစ်သော မျက်နှာမှာက အပြုံးတွေဝဲခိုလို့။
"ဘယ်လိုဖြစ်လို့ လောနေရတာလဲ?ဖြေးဖြေးပေါ့ ကလေးငယ်။"
"မရဘူး။Chawက Unnieကိုလုံးဝစိတ်မချတော့လို့ အခုတင်တန်းလက်ထပ်ချင်နေပြီ။"
သူမရဲ့မျက်ခုံးပင့်ပြီးတော့ မေးတဲ့မေးခွန်းကို ချစ်သောက ဘယ်ဘက်ပါးချိုင့်ကြီးပေါ်အောင်ပြုံးရယ်ပြီးတော့ ပြန်ဖြေတယ်။အချိန်တိုင်း ချစ်ဖို့ကောင်းနေရတာကိုလဲ မပင်ပန်းတဲ့ပုံစံပါပဲ။
ဆေးရုံရဲ့ပန်းခြံဝန်းထဲမှာ ထူးထူးဆန်းဆန်း လူရှင်းနေတာကြောင့်သူမတို့နှစ်ယောက်အဖို့ စိတ်သက်သာရာရနေရသည်။ချစ်သော တွန်းပေးတဲ့Wheel Chairလေးပေါ်မှာ လိုက်စီးရင်းနဲ့ Sanaအပြင်လေကို မထိတွေ့ရတာ ဘယ်နှစ်ရက်ရှိသွားပြီလဲဆိုတာကို စဉ်းစားနေမိတယ်။
ဒီရက်ပိုင်း Sanaရဲ့ကျန်းမာရေးအခြေအနေဟာ တဖြေးဖြေး ဆိုးဝါးလာသည်။သွေးမရှိသလို ဖျော့တော့လာတဲ့မျက်နှာနဲ့အတူ နှာခေါင်းသွေးလျှံတာနဲ့ မူးလဲတာတွေ မကြာခဏ ဖြစ်လာခဲ့သည်။ဘယ်လိုမှ အခြေခိုင်အောင် မရပ်နိုင်တော့တဲ့အထိ ပျော့ခွေလာတဲ့ ခြေထောက်တွေကြောင့် Sanaနောက်ဆုံးတော့ Wheel Chairနဲ့သွားလာဖို့ကို လက်ခံလိုက်ရတာ။
သန်ဘက်ခါဆိုရင် Sanaခွဲစိတ်ခန်းကို ဝင်ရတော့မှာ။ကိုယ်ကိုယ်တိုင် ကြောက်နေပေမဲ့ သူမထက် ချစ်သောက ပိုပြီးတော့ ကြောက်နေတယ်ဆိုတာကို နားလည်တယ်။သူမကြောင့်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ချစ်သောဟာ ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်ဘဲ Sanaကိုပဲ တစ်ချိန်လုံး မျက်ခြေမပြတ် ဂရုစိုက်ပေးနေခဲ့တာ။
Sanaမျက်နှာမညှိုးရစေဖို့ စောင့်ရှောက်ပေးတယ်။Sanaဆေးသွင်းနေတိုင်း ပျင်းနေမှာစိုးလို့ ညလုံးပေါက်နီးပါး စာအုပ်ဖတ်ပြခဲ့တယ်။Sanaစားချင်တာမှန်သမျှ ဘာမဆို ချက်ချင်းထွက်ဝယ်ပေးတယ်။Sanaမူးလဲချိန်တိုင်း ပွေ့ချီပေးတာ ချစ်သောဖြစ်သလို Sanaငိုကြွေးတဲ့အချိန်မှာ Sanaကို နှစ်သိမ့်ပေးရင်း တူတူငိုကြတာလဲ ချစ်သောပါပဲ။
YOU ARE READING
The Winter Story[Satzu Completed]
Short Story[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။