[13]

1.3K 131 29
                                    

"ဝုန်း.....''

အားပြင်းပြင်းနဲ့တွန်းဖွင့်လိုက်သလို အသံအကျယ်ကြီး မြည်သွားတာကြောင့် အခန်းထဲမှာရှိနေတဲ့လူတွေအားလုံး တံခါးဝရှိရာကို အကြည့်ရောက်သွားကြသည်။သောက်လက်စ ရေခွက်ကိုဘေးကစားပွဲပေါ်တင်လိုက်ပြီး သူမကိုယ်တိုင်လဲ ကုတင်ပေါ်မှာ ထိုင်နေရာကနေ ဝင်ပေါက်ကိုအကြောင်သားငေးကြည့်နေမိသည်။

"S-Sana Unnie...''

တုန်ယင်နေတဲ့ခေါ်သံနဲ့အတူ သူမအနားကိုပြေးဝင်လာပြီး သူမကိုတင်းတင်းကြပ်ကြပ်ဖက်လာတဲ့ချစ်သောရယ်လေ။
အလောတကြီးပြေးလွှားလာခဲ့တာမို့လို့ ကျောင်းဝတ်စုံဟာ
ချွေးတွေရွှဲနစ်နေတယ်။

"အ-အဆင်ပြေပါတယ်နော်...ေ-နေကောင်းတယ်မလား..''

တုန်ယင်နေတဲ့စကားသံတွေနဲ့ တတွတ်တွတ်ပြောရင်း Sanaရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာရမရစစ်ဆေးနေတဲ့သူ့ကြောင့် Sanaအပြုံးသေးသေးလေးပြုံးလိုက်မိတယ်။

ချစ်သောရဲ့ မသေမသပ်ဖြစ်နေတဲ့ ဆံနွယ်စတွေကို နားရွက်နောက်သို့ ညှပ်ထည့်ပေးရင်း ချစ်သောကို ပြန်ဖက်လိုက်တယ်။ချွေးတွေရွှဲနစ်နေတယ်ဆိုပေမဲ့ ချစ်သောရဲ့ ကိုယ်သင်းနံ့က ကောင်းနေတုန်းပဲ။

"Unnieအဆင်ပြေပါတယ်...။''

"မဟုတ်ဘူး....မူးတောင်လဲသွားတယ်ဆိုတော့ တကယ်
အဆင်ပြေတာမဟုတ်နိုင်ဘူး။ညာနေတာမလား..''

ပတ်ဝန်းကျင်မှာလူကြီးတွေရှိနေတာကိုတောင် သတိမထားနိုင်ဘဲ ကိုအာလာတစ်ကောင်လို သူမကို ရင်ခွင်ထဲကထွက်ခွင့် မပေးဘဲ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားတဲ့ ချစ်သောဟာ တကယ်ကို အဆိုးလေး..။

"မဟုတ်တာကွယ်...သွေးပေါင်ကျရုံလေးပါ။''

ချစ်သောကျောပြင်ကို ခပ်ဖွဖွပုတ်ရင်း သူ့ရဲ့မျက်ဝန်းနက်နက်တွေနဲ့ အကြည့်ချင်းဆုံကာ ပြုံးပြုံးလေး ပြောလိုက်တော့ ချစ်သောက မယုံနိုင်သေးဘူးဆိုတဲ့အကြည့်နဲ့ ကြည့်ပြန်တယ်။ဒီဟာလေးကတော့ တကယ်ကိုလေ။

"အများကြီး စိတ်မပူပါနဲ့..မင်းUnnieက ဒီလို..
ဒီလိုဗလနဲ့ပါနော်။''

လက်မောင်းက သွားကြားထိုးတံမှာကပ်နေတဲ့ ငုံးဥလောက်ရှိတဲ့ ကြွက်သားလေးကိုပြရင်း ရယ်သံနှောပြီး စလိုက်တာကြောင့် ချစ်သောက အကောင်းပြောနေတာကို ထဖောက်ပြန်ပြီဆိုတဲ့အကြည့်တွေနဲ့ ပြန်ကြည့်တယ်။မျက်စောင်းသဲ့သဲ့ဟာလဲ သူမကိုရင်ခုန်စေတုန်း။

The Winter Story[Satzu Completed]Hikayelerin yaşadığı yer. Şimdi keşfedin