[16]

1.6K 132 9
                                    

"Sana...Ommaတို့သွားပြီ။အိမ်တံခါးတွေ
သေချာပိတ်ထားအုံးနော်..။''

ချစ်သောရဲ့မိဘတွေနဲ့အတူ ခြံဝမှာ အသင့်စောင့်နေတဲ့ ကားပေါ်ကို တက်ဖို့ပြင်ရင်း သူမတို့ဘက်ကို လှည့်မှာလာတဲ့Ommaကို Sanaခေါင်းညိတ်ပြလိုက်မိသည်။

အခုက တိုကျိုရုံးချုပ်မှာ အရေးကြီးကိစ္စပေါ်လာတာကြောင့်
လုပ်ငန်းတူရှယ်ယာရှင်တွေဖြစ်တဲ့ ချစ်သောရဲ့မိဘတွေနှင့် Sanaရဲ့မိဘတွေက ရရာFlightနှင့် သွားဖို့ ပြင်နေတာပါ။
ဒါကြောင့်မို့လို့ ချစ်သောက သူမနှင့်တူတူနှစ်ယောက်ထဲ
ကျန်ခဲ့ဖို့ ဖြစ်လာခဲ့သည်။

"Tzuလေး..ကောင်းကောင်းနေခဲ့နော်။Ommaတို့မရှိတုန်း Satangအပေါ်မှာ ဆိုးမနေနဲ့။''

"အာ...Ommaကလဲ..Chawက ဘယ်တုန်းကဆိုးလို့လဲ။''

သူ့အကြောင်းသိနေတာကြောင့် သတိပေးသလိုပြောလာတဲ့ Ommaကို မကြည်ကြည့်ကြည့်ပြီး နှုတ်ခမ်းဆူပြီး ပြန်ဖြေသော ကလေးပေါက်စရယ်ပါ။ကလေးဆန်ဆန် သူ့အမူအယာ​ကြောင့် Sanaပြုံးမိပြန်သေး။

"အေးပါ...​အေးပါ။''

ကားမောင်းထွက်သွားပြီဆိုတာနှင့် ရုတ်တရက် ချစ်သောက သူမကို သူနှင့်နီးကပ်လာအောင် ဆွဲယူလိုက်တာကြောင့် Sanaသူ့ကို မျက်ခုံးပင့်ပြီး မော့ကြည့်လိုက်မိသည်။

"အာ...အိမ်ရှေ့ကြီးမှာကို ဘာလုပ်တာလဲ?''

"တစ်မနက်လုံး Morning Kissမရသေးဘူး။''

Sanaခါးကို တင်းတင်းဖက်ထားရင်း ကလေးတစ်ယောက်လို ပြောလာတာကြောင့် Sanaသူ့ကို မျက်စောင်းခပ်သဲ့သဲ့ ထိုးမိပြန်သေး။ရုပ်အတည်ကြီးနဲ့ ချွဲတာမှလွန်ရော။

"မင်းနော်...Ommaတို့ရှိနေတုန်းကလဲ လှေကားနားမှာ
လူကိုခိုးနမ်းသွားသေးတာကို။''

"အဲ့ဒါက Chawဘက်က နမ်းတာလေ..Unnieဘက်ကမှ မဟုတ်တာ..။''

ဘယ်ဘက်ပါးချိုင့်လေးပေါ်အောင်ပြုံးပြီး ညစ်တစ်တစ်ပြောလာသော ချစ်သောဟာ တကယ်ကိုဆိုးတာ။ကပ်သပ်လွန်းတဲ့ သတ္တဝါလေးကိုမှ ချစ်နေမိတော့လဲ အခက်သား။

"ဘာပဲဖြစ်ဖြစ် နမ်းတာကနမ်းပြီးပြီလေ။''

"မရဘူးကွာ...Chawကို အခုနမ်း။''

The Winter Story[Satzu Completed]Onde histórias criam vida. Descubra agora