"Tzuyu-ah!''
စက္ကူဘူးထဲက သူစားနေကျSaladကိုမစားနိုင်ဘဲ ငိုင်တွေကာငေးကြည့်နေရင်း ခက်ရင်းနဲ့ ဟိုထိုးဒီမွှေလုပ်နေတဲ့ Tzuyuကိုကြည့်ပြီး Chaeyoungလှမ်းခေါ်လိုက်မိတယ်။ပုံမှန်ဆို အစားကိုပဲ ငုံ့စားတတ်တဲ့လူက အခုမှဘယ်လိုဖြစ်တာလဲ။
ဒီရက်ပိုင်းအတွင်း Tzuyuသိသိသာသာ တိတ်ဆိတ်နေတာကို သူမခံစားမိသည်။ပုံမှန်ဆို Trainingဆင်းပြီး တက်ကြွနေတတ်တဲ့ Tzuyuက ဒီရက်ပိုင်းအတွင်း လေ့ကျင့်ရာမှာလဲ တလွဲတချော်။စိတ်မပါလက်မပါ။
သပ်သပ်ရပ်ရပ် ဝတ်စားတတ်တဲ့လူဖြစ်ပေမဲ့ အခုရက်ပိုင်းတော့ စိတ်နဲ့လူနဲ့မကပ်သလို၊မဖြီးမသင်ထားတဲ့ ဆံပင်ပွယောင်းယောင်းနှင့်အတူ အမြဲတစေ အရောင်လက်နေတတ်သော မျက်တွင်းတွေက ချိုင့်ဝင်နေတတ်သည်။
အခုလဲ ငိုင်တွေနေပြီးတော့ Saladဘူးကို စိုက်ကြည့်နေတာ။ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေတဲ့အသွင်ပဲ။
ငယ်သူငယ်ချင်းမို့လို့ သူ့အကြောင်းကို Chaeကောင်းကောင်းသိသည်။သူ့မှာတကယ်ကို စိတ်ညစ်စရာအကြောင်းတစ်ခုခုရှိနေတာ။
"Tzuyu-ah!''
ခေါ်သံကိုပြန်မထူးဘဲ တွေဝေနေတဲ့သူ့ကိုကြည့်ပြီး Chae သူ့ပခုံးကို ကိုင်လှုပ်ပြီး ခေါ်လိုက်တော့မှ အသိပြန်ဝင်လာတဲ့ပုံနဲ့ ဆတ်ခနဲ ဖြစ်သွားသည်။ဖြတ်ခနဲပြန်ကြည့်လာတဲ့ မျက်ဝန်းတွေက သူ့စိတ်ထဲကအရာတွေကို သူမရိပ်မိသွားမှာ စိုးရိမ်နေသည့်အလား။
"W-Wae?''
"နင်ဘာဖြစ်နေတာလဲ?''
"င-ငါက ဘာဖြစ်လို့လဲ?''
ဦးတည်လာတဲ့မေးခွန်းကို မသိချင်ယောင်ဆောင်ပြီး လွှဲသွားသည့်အကြည့်တွေကို မမြင်မိလျှင်တော့ သူဟန်ဆောင်တာ ပိရိသည်ဟု ဆိုရမည်။သို့သော် သူမက သူနှင့်ပတ်သက်သမျှ အရာရာကို ဖမ်းနိုင်သည့် လူတစ်ယောက်ဖြစ်နေတော့။
"မသိချင်ယောင်မဆောင်ပါနဲ့..။နင်ဒီရက်ပိုင်း အသိစိတ်မကပ်ဘူး။ငါခေါ်ရင်လဲ မကြား၊စာထဲလဲအာရုံမစိုက်။ဘာတွေဖြစ်နေတာလဲ။''
ဝေ့ဝိုက်ပြောရသည်ကို မကြိုက်သူမို့ တည့်မေးမိတော့ ကွက်ခနဲ ပျက်သွားတဲ့Tzuyuရဲ့မျက်နှာ။ချက်ချင်းဆိုသလို ပျက်ယွင်းသွားတဲ့မျက်နှာထားကို ပြန်ပြင်လိုက်ပြီး..
![](https://img.wattpad.com/cover/209601513-288-k780274.jpg)
YOU ARE READING
The Winter Story[Satzu Completed]
Short Story[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။