"ဝုန်း...''
အခန်းတံခါးကိုပိတ်ပြီးတဲ့နောက်မှာ သူမအားပျော့စွာ တံခါးကိုမှီပြီး ဖြေးဖြေးချင်းထိုင်ချလိုက်တယ်။ စည်းချက်မညီတဲ့ရင်ခုန်သံတွေက ခြေထောက်တွေကိုပါ အားပျော့စေတယ်။
ချစ်သောက သူမကိုချစ်တယ်။ ချစ်သောက သူမကိုချစ်တယ်တဲ့လား..။အဲ့ဒီအခြေအနေကို အခုထက်ထိမယုံကြည်နိုင်သေး...။
သက်ပြင်းတစ်ချက်ချလိုက်ပြီး အနားက ရေခဲသေတ္တာ အသေးလေးကို ဖွင့်လိုက်ကာ ရေတစ်ဗူးကို ခပ်မြန်မြန်ဆွဲယူရင်း သောက်ချလိုက်တယ်။ အေးစက်နေတဲ့ရေတွေက သူမရဲ့လည်ချောင်းတစ်လျှောက် လျှောခနဲဆင်းသွားတဲ့အထိ သူမလက်ရှိအခြေအနေကို သံသယဝင်နေဆဲ။
လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက Sanaအတွက် လိုက်မှီဖို့သိပ်ကိုခက်ခဲလွန်းတယ်။သူမလို ကောင်မလေးက ဒီလိုအခြေအနေတွေကို မကိုင်တွယ်နိုင်ဘူးလေ။
သူ့ရဲ့အရသာထင်ကျန်နေဆဲ သူမရဲ့နှုတ်ခမ်းဖျော့ဖျော့တွေကို ခပ်ဖွဖွအသာပြန်စမ်းရင်း ချမိတဲ့သက်ပြင်းငွေ့ငွေ့ဟာလဲ လေးလံလို့နေပါသေး။
အခန်းတံခါးကို လေးလံစွာကျောမှီပြီး မျက်ဝန်းအစုံကို ခပ်တင်းတင်း မှိတ်ချလိုက်တဲ့အချိန်မှာ အစောပိုင်းက အဖြစ်အပျက်တွေက သူမအာရုံထဲ ပြတ်ပြတ်သားသား ပေါ်လာတယ်။
"Chaw Unnieကိုချစ်တယ်''
ကြားလိုက်ရတဲ့စကားက နှစ်ယောက်ကြားကလေထုကို သိသိသာသာကို တိတ်ဆိတ်သွားစေတာပဲ။တစ်နည်းအားဖြင့် မျက်နှာလွှဲထားတဲ့သူမမျက်ဝန်းတွေက ချစ်သောထံကို ပြန်ရောက်လာတယ်။
စူးစူးစိုက်စိုက် ကြည့်နေတဲ့မျက်ဝန်းတွေက မျှော်လင့်ချက်တို့နဲ့
ကြည်လဲ့နေတယ်။နှုတ်ခမ်းခပ်ရဲရဲတွေက မသိမသာလှုပ်ခတ်
နေပြီး နှာသီးဖျားမှာချွေးတွေစို့နေတယ်။ဒါက ချစ်သော စိတ်လှုပ်ရှားရင် ဖြစ်တတ်တဲ့အမူအယာ။ချစ်သောက ဟန်ဆောင်နေတာလား။သူမကို စိတ်သက်သာရာရစေချင်ရုံနဲ့ပဲ သူကအရာအားလုံးကို တမင်တကာ လုပ်ယူနေရတာလား။
မျက်ဝန်းတွေကို ကြိုးစားဖတ်ကြည့်မိတယ်။သူတကယ်ပြော
နေတာဆိုတဲ့အဖြေကလွဲပြီး တခြားအဖြေထွက်မလာ။ ခပ်ဖြူဖြူမုသားတွေကိုများ ချစ်သောသုံးနေသလား။
YOU ARE READING
The Winter Story[Satzu Completed]
Short Story[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။