[20]

2.2K 155 25
                                    

"အချိန်မှန်ပဲနော်။"

ရင်းနှီးနေတဲ့သန့်ရှင်းရေးအဒေါ်ကြီးက လှမ်းနှုတ်ဆက်တာကြောင့် သူမလဲပြုံးပြပြီးတော့ ပြန်နှုတ်ဆက်ကာ အခန်းထဲဝင်လာခဲ့တယ်။ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ကိုယ်ရိပ်လေးကို မြင်တော့ အပြုံးတွေ ပိုပြီးတောက်ပရပြန်သေး။

ခန္ဓာကိုယ်ပေါ်က နှင်းစက်တွေစိုနေတဲ့ အနွေးထည်ကို စင်ပေါ်မှာချိတ်ကာ သူမသူ့အနားကို လျှောက်လာခဲ့တယ်။ဘာလိုလိုနဲ့ အချိန်တွေပြောင်းလာခဲ့တာ သူမတို့နှစ်ယောက်စတွေ့ခဲ့တဲ့ ဆောင်းရာသီကိုတောင် ရောက်လာခဲ့ပြီ။

လုပ်နေကြအတိုင်း ရေချိုးခန်းထဲက တဘက်နဲ့ဇလုံကိုယူကာ မျက်ဝန်းတွေကိုမှိတ်ထားတဲ့ ကောင်မလေးရဲ့ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေခြေတွေကို ရေပတ်ဝတ်တိုက်ပေးနေခဲ့တယ်။ဆောင်းရာသီရဲ့အအေးဓာတ်ကြောင့် ခြေဖျားထိပ်လေးတွေ တလှုပ်လှုပ်ဖြစ်သွားတာကိုမြင်တော့ သူမသူ့ကို အနွေးထည်ထူထူ တစ်ခုခုဝတ်ပေးဖို့သတိရတယ်။

ပစ္စည်းတွေကို ပြန်သိမ်းပြီးတော့ အပြင်ထွက်လာရင်း Unnieရဲ့ အဝတ်အစားတွေကို လဲပေးကာ စောင်ထူထူကိုပါ ခြုံပေးပြီးတော့ မနက်စာကျွေးဖို့ ပြင်တယ်။သတိလွတ်နေတဲ့ကောင်မလေးအတွက် ချေထားတဲ့အစာနဲ့အရည်တွေကို ပိုက်ကနေတစ်ဆင့်ထည့်ပေးရတာ ကသိကအောက် နိုင်ပေမဲ့ ဒါတွေကိုမထည့်ပေးရင် Unnieမှာ အာဟာရမရှိဘဲ နေလိမ့်မယ်။

Unnieကလေ အဆိုးလေး။သိပ်လည်လွန်းတယ်။
ကော်ဖီမထည့်ပေးရင် အစာကို မစားဘူး။တွန်းခံထားတာ။
သတိလက်လွတ် အခြေအနေမှာတောင် သူကအဲ့ဒီလို။

မနက်စာကျွေးပြီးတော့ သန့်ရှင်းရေးလုပ်ပေးရင်း Medical Check-upလာလုပ်တဲ့ ဒေါက်တာနဲ့စကားပြောရတယ်။ကျောင်းတက်နေရတာမို့လို့ ညဘက်တွေလာအိပ်မစောင့် နိုင်ပေမဲ့နေ့တိုင်း မျက်နှာလေးလာလာကြည်ြ့ပီးမှ ကျောင်းသွားတတ်တဲ့ သူမအကြောင်းကို သူတို့သိနေကြပြီလေ။

တစ်နှစ်နီးပါးလောက် လှဲလျောင်းနေတဲ့အမျိုးသမီးလေး နိုးလာခဲ့ရင် အကြောတွေများ နာနေမလားဆိုတာကို တွေးမိတော့ သူမသူ့လက်တစ်ဖက်ကို ဖြေးညှင်းစွာ ဆွဲယူလိုက်တယ်။ပြီးတော့ နဖူးပြင်ပေါ်မှာ ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးရင်း ခေါင်းစည်းကြိုးတစ်ခုနဲ့ သေသေသပ်သပ် စည်းပေးမိတယ်။

The Winter Story[Satzu Completed]Where stories live. Discover now