"ဟဲဟဲ....စာသင်ပြီးသွားပြီဆိုတော့..''
စားပွဲပေါ်က စာအုပ်တွေကို ပိတ်လိုက်ပြီး တစ်ဖက်သို့ တွန်းဖယ်ရင်း ပြုံးပြုံးကလေး ခေါင်းလေးရှေ့တိုးရင်း ပြောလာတဲ့ ချစ်သောရယ်လေ...။မျက်ဝန်းတွေ မှိတ်သွားတဲ့ အထိ ပြုံးရယ်နေသော အပြုံးပန်းတွေကို ကျွန်မဘယ်လိုများ လွန်ဆန်နိုင်ပါ့လိမ့်...။
စက္ကန့်တိုင်းမှာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေပွားနေသလိုမျိုး ဒီကလေးမအပေါ် အချစ်တွေတိုးပွားနေရတယ်...။အင်း...ခက်တော့ ခက်နေပါပြီ....။
"ရွှတ်.....''
နှစ်ခါပြန်မစဉ်းစားရဘဲ သူမရှေ့က ကမ်းလင့်နေတဲ့
ပန်းသွေးရောင် နှုတ်ခမ်းတစ်စုံကို ခပ်မြန်မြန် ဖိကပ်နမ်းပစ်လိုက်တယ်...။အရသာကတော့ ချိုမြိန်နေဆဲ..။သုံးစက္ကန့်သာသာအနမ်းဆိုပေမဲ့ မျက်ဝန်းတွေ အလိုက်တသင့် ပိတ်သွားမိတာတော့ အမှန်....။
ခပ်ကြာကြာဖိကပ်ခွင့်မရဘဲ ခွာလိုက်ရတာကတော့နှမြောစရာ..။ဒါပေမဲ့ အခုရောက်နေတာ ကျောင်းစာကြည့်တိုက် မဟုတ်ပါလား....။
"ရပြီလား...ဟွန်း...''
သူ့ဥာဏ်တွေကို သိနေတယ်ဆိုတဲ့ ဟန်ပန်နဲ့ မျက်စောင်းချီရင်း မေးလိုက်တော့ ချစ်သောက တခစ်ခစ်ရယ်တယ်....။ပြီးတော့ သူမလက်ကို လှမ်းကိုင်ပြီး ခေါင်းညိတ်ပြတယ်....။
စိတ်ဆန္ဒအလျောက်ပြုမူပြီးမှ ဘေးဘီကို ကမန်းကတန်း လှည့်ကြည့်ရတယ်...။တော်သေးတာပေါ့...သူမတို့ နှစ်ယောက် ထိုင်နေတဲ့နေရာက ပြတင်းပေါက်ဘေးက ချောင်ဖြစ်နေလို့....။
သူမမျက်နှာက ရေနွေးပူနဲ့ အပက်ခံလိုက်ရသလို ရဲခနဲ..။
တကယ်ပါပဲ....လူကို ရှက်အောင်လို့ တမင်တကာ....။
ချစ်သောက တကယ်ဆိုးတဲ့ကလေးငယ်လေး....။သူမဖြစ်နေတဲ့ပုံကို ကြည့်ပြီး ချစ်သောကသဘောကျနေတဲ့ပုံပဲ...။တကယ်ပဲ.. ဒီကလေးလောက်ဆိုးတာ ကမ္ဘာမှာ ရှိအုံးမလား..။
မျက်စောင်းဖွဖွထိုးလိုက်တော့ ချစ်သောက မျက်ဝန်းနက်နက် တွေပိတ်သွားတဲ့အထိ အားရပါးရ ရယ်တယ်...။ရယ်လိုက်တို်င်း ပေါ်လာတဲ့ ဘယ်ဘက်ပါးချိုင့်ကလေးဟာလဲ လူသတ်နိုင်တယ်...။အရင်ဘဝက ဘယ်လိုဆုတောင်းများ ကောင်းခဲ့သလဲ?
YOU ARE READING
The Winter Story[Satzu Completed]
Short Story[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။