[11]

1.8K 144 33
                                    

Minatozaki မိသားစုရဲ့ ​အောက်ထပ်ဧည့်ခန်းထဲက လေထုက တော်တော်ကို ငြိမ်သက်နေတယ်။ပုံမှန်ဆို နှစ်ယောက်ဆုံတာနဲ့ စနောက်ပြီး ဆူညံနေတတ်တဲ့Sanaနဲ့ Tzuyuဟာလဲ အခုတော့ ကြောက်ကြောက်နဲ့ ခေါင်းတွေကိုသာ တွင်တွင်ငုံ့ထားကြသည်။

ဧည့်ခန်းအလည်က ဆိုဖာပေါ်မှာကုပ်ကုပ်လေးထိုင်နေကြပြီး ဧည့်ခန်းထဲမှာ Tzuyuရဲ့မိဘတွေရောက်အလာကို ​စောင့်ရင်း လက်နောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ Sanaရဲ့Appaနဲ့Ommaကို ခိုးခိုးကြည့်နေကြတာ။

အမှားလုပ်ထားတဲ့လူတွေမို့လို့ ခေါင်းလဲမဖော်ရဲ။တစ်ယောက်လက်ကို တစ်ယောက်တင်းတင်း ဆုပ်ကိုင်ထားပြီးတော့ သက်ပြင်းတွေသာ ခိုးချမိနေကြသည်။ခိုးထုပ်ခိုးထည်နဲ့ မိသွားတဲ့လူတွေလို လက်ပူးလက်ကြပ်ဖမ်းမိတော့ ငြင်းလို့လဲမရတော့ဘူးလေ။

"Chawတို့ကို ခွဲမှာတော့ မဟုတ်ပါဘူးနော်..Chawကြောက်တယ်..''

ဘေးက ချစ်သောရဲ့ခပ်တိုးတိုးစကားသံကြောင့် Sanaသက်ပြင်းတွေကိုသာ လှိမ့်ချမိနေတော့တယ်။ကြောက်ရွံ့သံပါနေပြီးတော့ သူ့မိဘတွေရောက်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားနေတဲ့ပုံပဲ။Appa နဲ့Ommaရဲ့မျက်နှာအနေအထားကလဲ ခန့်မှန်းရခက်လောက်အောင် တည်ကြည်လွန်းနေတာမို့လို့ Sanaခေါင်းငိုက်စိုက်ကျသွားတယ်။

အားလုံးအဆင်ပြေနေပြီးတော့မှ အခုမှ ပြဿနာဖြစ်ရတယ်လို့။ဘယ်လိုလုပ်ရမလဲ။သူမချစ်သောကို မခွဲနိုင်ဘူး။ချစ်သောနဲ့သာဝေးရရင် သူမသေမှာ။

တဖြေးဖြေးနဲ့တွေးရင်း Sanaသွေးပျက်လာတယ်။ချစ်သောကို သူမလက်လွှတ်မခံနိုင်ဘူး။ချစ်သောကို တခြားလူနဲ့ စီစဉ်ရင်ဘယ်လိုလုပ်မလဲ။သူမတို့နှစ်ယောက်ကို မပတ်သက်ခိုင်းတော့ရင်ဘယ်လိုလုပ်မလဲ။

ချစ်သောကို ဒီတိုင်းလက်လွှတ်ပေးလိုက်တာထက်
ချစ်သောကို ပိုင်ဆိုင်ရပြီးမှ လက်လွှတ်ဆုံးရှုံ့းလိုက်ရမယ်ဆိုတဲ့အသိက တော်တော်ကို နာကျင်ရတယ်။လောဘတက်မိတာလားဘဲ။ချစ်သောရဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ သူမက အရာအားလုံးကို လဲပစ်လိုက်ဖို့ အသင့်ဖြစ်နေခဲ့တာ။

The Winter Story[Satzu Completed]Hikayelerin yaşadığı yer. Şimdi keşfedin