[12]

1.7K 136 46
                                    

"Chou Tzuyu..Chou Tzuyu!!''

"အား...ဆူညံနေတာပဲ။ခေါင်းရှုပ်လိုက်တာ''

အားကစားရုံထဲမှာ မြှားပစ်နေတဲ့ Tzuyuကို အားပေးနေတဲ့ Fangirlတွေကိုကြည့်ပြီးတော့ အားကစားရုံဒုတိယထပ် ကော်ရစ်ဒါမှာ Scriptဖတ်နေတဲ့ Sanaစိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိတယ်။အခန်းထဲမှာ စီနီယာနဲ့နှစ်ယောက်ထဲ ရှိမနေချင်လို့ ထွက်လာပါတယ်ဆိုနေကာမှ အပြင်မှာ ဆူညံနေလိုက်တာ။

လက်က ဒဏ်ရာသက်သာပြီမို့လို့ မြှားပစ်Trainingကို
သူပြန်ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပွဲကြည့်စင်က သူ့fangirlတွေနဲ့ ပြည့်နေရော။

ဆံပင်ကိုခပ်မြင့်မြင့်စီးထားပြီးတော့ မျက်နှာက တည်ကြည်ရှင်းသန့်နေတယ်။ချပ်ရပ်နေတဲ့ body-fitအားကစားအင်္ကျီလက်ပြတ်ကြောင့် ချစ်သောရဲ့ တောင့်တင်းခိုင်မာတဲ့ လက်မောင်းသားတွေကို အတိုင်းသားမြင်နေရတယ်။အာရုံစိုက်ထားတာကြောင့် နဖူးနဲ့နှာသီးဖျားမှာ စို့နေတဲ့ချွေးစက်လေးတွေကအစ ကြည့်ကောင်းတယ်။ချစ်သောကိုက ဆွဲဆောင်မှုရှိလွန်းနေတာ မဖြစ်သေးပါဘူး။

"ဒီTrainingမလာလဲရပါတယ်။''

နေ့လည်စာစားမယ်ဆိုပြီး လေ့ကျင့်တာကိုလက်စသတ်လိုက်ကာ မြှားတွေကို လွယ်ထားတဲ့tubeထဲ ပြန်ထည့်နေတဲ့အချိန် သူမနားကိုလျှောက်လာရင်း ပြောလာတဲ့Unnie။

"ရပါတယ်..Chawက Archeryကို သဘောအကျဆုံးဆိုတာ Unnieလဲ သိသားနဲ့..။''

ပတ်ဝန်းကျင်ကလူတွေကို သတိမထားနိုင်ဘဲ သူ့ရဲ့ရေခဲတုံး Imageနဲ့ ဆန့်ကျင်စွာ သူမနဖူးပြင်က ချွေးတွေကို အိတ်ဆောင်လက်ကိုင်ပုဝါလေးနဲ့ အသာသုတ်ပေးနေတဲ့ Unnieရဲ့ဂရုစိုက်မှုတွေကို ပြုံးပြုံးလေးငြိမ်ခံရင်း ပြောလိုက်မိတယ်။ဒါပေမဲ့ Unnieက မျက်နှာထားတည်တည်နဲ့
ခေါင်းခါပြတယ်။

"မဟုတ်ဘူး...ဒီTrainingမလာလဲရတယ်ဆိုတာ မင်းရဲ့ကောင်မလေးတွေကို ပြောနေတာ။ဆူညံနေတာ အပေါ်ထပ်ကတောင် ကြားရတယ်။''

ဘာကိုဆိုလိုသလဲဆိုတာကို Tzuyuစဉ်းစားနေတဲ့အချိန်မှာပဲ Sanaက ထွက်သွားဖို့ပြင်တယ်။မျက်မှောင်ကြုတ်ပြီးတော့ အပေါက်ဝကို ဆောင့်အောင့်သလို လှည့်ထွက်သွားတဲ့ ကျောပြင်သေးသေးလေးနောက်ကို အပြေးလိုက်သွားရင်း လက်ချင်းယှက်ပြီးတော့ ဆုပ်ကိုင်လိုက်တယ်။

The Winter Story[Satzu Completed]Wo Geschichten leben. Entdecke jetzt