သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ ရဲရဲနီသော သွေးတွေ တသွင်သွင် စီးကျနေသည်..။အဖြူရောင် အင်္ကျီလက်စရှည်ဟာ ခဏချင်းအတွင်း သွေးတွေနှင့် ရွှဲနစ်သွားခဲ့သည်...။
ကြည့်ရတာ သူတစ်စုံတစ်ခုထိခိုက်သွားပုံပဲ...။
သူ့ပုံစံကို သူမအခုမှ သေသေချာချာကြည့်မိသည်...။
အဖြူရောင်Hoodieခပ်ပွပွကို ဝတ်ထားပြီး အနက်ရောင်အားကစားဘောင်းဘီရှည်နှင့် သူ့ပုံစံက အားကစားသမားတစ်ယောက်အလား...။အင်္ကျီတွင်နှင်းစတွေက ကပ်ငြိလျက်ရှိသည်...။ဟုတ်တာပေါ့...သူနှင်းတောထဲ ပြုတ်ကျထားတာ...။
ပုခုံးကျော်သော အနက်ရောင်ဆံနွယ်ရှည်ရှည်တို့က သူလှုပ်ရှားလေရာ အလိုက်တသိ ယိမ်းနွဲ့လို့နေသည်...။
အရပ်က သူမထက် လေးလက်မလောက်မြင့်သည်...။
အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ပေမဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်သည့်အသွင်...။သို့သော် ရှင်းသန့်နေသောမျက်နှာနုနုလေးက သူမထက် အနည်းငယ်ငယ်ရွယ်မည်ဟု ခန့်မှန်းရသည်...။သိပ်တော့ မကွာလောက်ပေ...။
"ရှ-ရှင့်လက်က....''
သူမနှုတ်ဖျားက အမေးစကားက တွန့်ဆုတ်စွာ ထွက်သွားခဲ့သည်...။သူမလဲ ရှိသမျှသတ္တိတွေအကုန် ထုတ်ပြီးမေးရခြင်းပင်...။ငယ်ငယ်ထဲက တစ်ယောက်တည်း နေခဲ့ရသူမို့ သူမလူအင်မတန်ကြောက်တတ်သည်လေ...။
လက်က အလွန်နာကျင်နေပုံရတာကြောင့် သူ့ရဲ့မျက်နှာဟာ
နီမြန်းလျက်ရှိသည်...။မျက်ခုံးတန်းတို့က ကွေးညွှတ်နေပြီး
ဒဏ်ရာကို စိတ်သက်သာရာရအောင် စိတ်ကို အားတင်းလျှော့ထားရသည့် အသွင်ဆောင်သည်...။သူတော်တော်နာနေမှာပဲ....။သွေးတွေအများကြီး ထွက်နေခဲ့တာကို...။
အတွေးနဲ့အတူ တစ်ဆက်တည်းမှာပင် သူ့ကိုသနားစိတ်လဲ ဝင်လာရသည်...။သူမကြောင့်နဲ့သူအခုလိုဖြစ်ရတာ...။
စက်ဘီးပေါ်က ခုန်ချပြီး သူမမထိခိုက်အောင် လှိမ့်ဆင်းပေးခဲ့တာလေ...။"ရ-ရပါတယ်...။ပြုတ်ကျတုန်းက သစ်ငုတ်နဲ့ရိုက်မိပြီး လက်ထောက်လိုက်လို့ အဆစ်လွဲသွားတာပါ...''
![](https://img.wattpad.com/cover/209601513-288-k780274.jpg)
ESTÁS LEYENDO
The Winter Story[Satzu Completed]
Historia Corta[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။