[8]

1.6K 158 13
                                    

ကံကြမ္မာဆိုတာက ပုံသေတွက်ထားလို့မှ မရဘဲ..။ အကောင်းတစ်လှည့် အဆိုးတစ်လှည့် လည်ပတ်နေ နိုင်တာကို နားလည်ပါတယ်..။ထိုနေ့ညက အရာအားလုံးကို ဖြေရှင်းခဲ့ပြီး အဆင်ပြေခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ခန့်မှန်းထားတာနဲ့ တခြားစီ..။

အဲ့ဒီညက အဖြေစကားကို ကလေးငယ်က အလိုကျပုံမရ..။
အဲ့ဒီလိုစကားတွေက သူမကို မျှော်လင့်ချက်တွေ ပေးသလို ခံစားရမှာစိုးလို့ ထိုသို့ ပြန်ပြောခဲ့ပေမဲ့ ချစ်သောရဲ့ အပြုအမူကြောင့် သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ ရင်ထဲမှာ မျှော်လင့်ချက်သေးသေးလေး ဖြစ်ပေါ်ရတယ်..။

သူစိတ်ခုသွားတယ်ဆိုတာကိုသိပေမဲ့ SanaကလဲSanaပဲလေ။
ခံစားချက်တွေကို ထုတ်ပြပြီးတောင်းပန်ဖို့ ဆိုတာ Sanaအတွက် ခက်ခဲလွန်းတော့ ဘာသိဘာသာပဲ နေခဲ့မိတယ်..။ဒါကြောင့် အဲ့ဒီနေ့ကစပြီးတော့ သူပြောင်းလဲသွားခဲ့တယ်..။

ထိုနေ့ကစပြီး ကလေးငယ်က သူမနဲ့ ကျောင်းအတူမသွားတော့..။အကြောင်းပြချက်တချို့နဲ့အတူ ရှောင်ဖယ်လာတယ်..။အားကစားပွဲအတွက် လေ့ကျင့်ရမယ် ဆိုတဲ့အကြောင်းပြချက်နဲ့
အတူ သူမထံမှာ စာလာမသင်တော့..။

ကျောင်းပိတ်ရက်တွေဆိုရင်လဲ အိမ်မကပ်..။ သူမသွားတိုင်း အခန်းတံခါးက အမြဲလိုလို ပိတ်လျက်သား..။အရင်လို သူမနားကို ကပ်ပြီး တီတီတာတာပြော နွဲ့ဆိုးဆိုးတဲ့ ကောင်မလေးကို လွမ်းမိတယ်..။

အခုဆိုရင် သူမတို့နှစ်ယောက် စကားမပြောဖြစ်တာ နှစ်ပတ်ကျော်ပြီ။ အမြဲတမ်းပို့နေကြ GoodMorning, GoodNight Messageတွေ ပျက်ကွက်လာတယ်..။

အရင်က ​ကျောင်းမှာတွေ့ရင် သူမကိုအမြဲတမ်း ပြေးဖက်ပြီး ဘေးလူတွေ ဝိုင်းကြည့်ရတဲ့အထိ ပျော်နေတတ်တဲ့ ချစ်သောက အခုဆိုရင် သူမကိုတွေ့ရင်တောင် ချက်ချင်း မမြင်သလို မျက်နှာလွှဲသွားတတ်တယ်..။

ပြီးတော့ ချစ်သောရဲ့ ဘေးမှာ ကျောင်းသူအသစ်က အမြဲတမ်းလိုလို ရှိနေတတ်တယ်..။ကျောင်းသူအသစ်...? တခြားကျောင်းကနေ ချစ်သောတို့မေဂျာကို ပြောင်းလာတဲ့ ကျောင်းသူအသစ်က အတန်းခေါင်းဆောင် ဖြစ်တဲ့ ချစ်သောကို အရမ်းကပ်တွယ်လွန်းတယ်..။ပြီးတော့ ချစ်သောကလဲ သဘောကျတဲ့ပုံစံပါပဲ..။

The Winter Story[Satzu Completed]Donde viven las historias. Descúbrelo ahora