[Epilogue]

2.3K 141 13
                                    

ကျောင်းဝင်းထဲမှာ ဖြတ်သန်းတိုက်ခတ်နေတဲ့ လေထုက အေးစက်နေတာကြောင့် ခန္ဓာကိုယ်ပေါ်က အနက်ရောင် ဘွဲ့ဝတ်ရုံကို ဆွဲဆန့်ရင်းနဲ့ သူမလေးနှစ်တာမျှ ပညာသင်ကြားခဲ့တဲ့ ကျောင်းတော်ကြီးကို မော့ကြည့်နေမိတယ်။

ကျောင်းမျှော်စင်ထက်က ခေါင်းလောင်းသံက ကျောင်းဝင်းတစ်ခုလုံး တသောသောညံလို့။ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရာ ကျောင်းခန်းမကြီးဆီသို့ ဦးတည်နေတဲ့လမ်းတစ်လျှောက်လုံးလဲ ပွဲတော်တစ်ခုကျင်းပနေခဲ့သလို ဆင်ယင်ထားတဲ့ ဖဲကြိုးစတွေက တလွင့်လွင့်။

ဘာလိုလိုနဲ့ စာသင်နှစ်တစ်နှစ်ကုန်သွားခဲ့ပြန်ပြီ။
သူမတို့လို ဖိုင်နယ်သမားတွေကတော့ ကျောင်းပြီးသွားခဲ့ပြီပေါ့။

အရောင်စုံအရွယ်စုံမိသားစုဝင်တွေနဲ့ ပျော်ရွှင်စွာစကားပြောနေတဲ့ အတန်းဖော်တွေဘက်ကို စောင်းငဲ့ကြည့်ပြီးတော့ သူမဘွဲ့နှင်းသဘင် ခန်းမရှေ့ကနေ လျှောက်ထွက်လာခဲ့တယ်။

ဖြတ်သွားရာလမ်းတစ်လျှောက်မှာ မြင်ရတဲ့ ဘတ်စကတ်ဘောကွင်း၊အားကစားရုံ၊ကန်တင်းတွေကို ကြည့်ပြီးတော့ လွမ်းမိလာသလိုပင်။လေးနှစ်တာ အမှတ်တရတွေနဲ့ ကျောင်းသားဘဝက သိပ်ပျော်စရာကောင်းခဲ့တာ။

"Tzuyu-ah!Chou Tzuyu!"

ရင်းနှီးနေတဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့
ဘွဲ့ဝတ်ရုံကို တရွတ်တိုက်ဆွဲပြီးတော့ သူမဆီကိုပြေးလာနေတဲ့ Chaeyoung။အရပ်နဲ့မလိုက်ဖက်အောင် ကြီးပြီးပွနေတဲ့ ဘွဲ့ဝတ်ရုံကြီးက မြေပြင်ပေါ်ပုံကျနေတာကြောင့် ရယ်ချင်စရာ။သူကတော့ သူ့ကိုယ်သူ ChaengPotterရယ်လို့ ပြောနေခဲ့တာပါပဲ။ပါဝါမရှိတဲ့ပုလင်းဖင်မျက်မှန်ကြီးတစ်ခုကို ဟန်ပါပါတပ်လို့။

"ဖြေးဖြေးပြေးစမ်းပါ။ကိုယ့်အဝတ်စကိုယ်တက်နင်းမိပြီး မှောက်ရက်လဲနေပါအုံးမယ်။"

ယိုင်တိယိုင်တိုင်နဲ့ပြေးဝင်လာတဲ့ Chaeyoungကို လမ်းဖယ်ပေးလိုက်ရင်း ပြောလိုက်တော့ ခမြာမှာ ဟပ်ထိုးလဲလုလု။ ဒင်းကို ဖမ်းထိန်းထားပေးမယ်ထင်လို့လား။သူမက Mina Unnieလဲမဟုတ်။

"Yarr...နင်ကခြေလှမ်းကျဲကြီးနဲ့ သွားနေတာကိုး။"

မမှီ့တမှီနဲ့ကော်လံစကို လှမ်းဆွဲရင်းပြောလာတဲ့ Chaeyoungကို ကြည့်ပြီးရယ်မောရင်း သူ့ခေါင်းပေါ်က ဘွဲ့ဦးထုပ်ကို ဆွဲမြှောက်လိုက်တယ်။

The Winter Story[Satzu Completed]Where stories live. Discover now