မှိတ်ထားတဲ့မျက်ဝန်းတွေကြားကို တိုးဝင်လာတဲ့ နေရောင်စူးစူးကြောင့် သူမလက်နဲ့ကာလိုက်မိတယ်။အိပ်ချင်စိတ်က မပြယ်သေးတာကြောင့် မျက်ဝန်းတွေကို ချက်ချင်းမဖွင့်နိုင်သေး။အိပ်ယာထဲမှာ ဆက်ခွေနေပြီးမှ ရင်းနှီးနေတဲ့အနေအထား မဟုတ်တာကြောင့် ဇဝေဇဝါနဲ့ မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိတယ်။
ခန်းဆီးစရှည်ရှည်တွေပွင့်နေတဲ့ မှန်ပြတင်းကျယ်ကျယ်ကနေ အခန်းထဲကို ဖြာကျနေတဲ့ နေရောင်စူးစူး။အာ..သူမရောက်နေတဲ့နေရာက ဆေးရုံဆိုတာကို ဘာလို့ မမှတ်မိရတာလဲ။
စိတ်ထဲက မေးခွန်းတစ်ခုကို အဖြေရှာလို့ရတော့ သူမကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်။ခါးတစ်ဝက်လောက်ထိ ဖုံးနေတဲ့ စောင်ကိုကိုင်ကြည့်ပြီးတော့ ဇဝေဇဝါ။မနေ့ညက ချစ်သောကို စောင့်ပေးရင်းနဲ့ အိပ်ပျော်သွားခဲ့တယ်ထင်ပါတယ်။ဒါပေမဲ့ သူမကို ဘယ်သူကကုတင်ပေါ်ကို သေသေချာချာ တင်ပြီးတော့ စောင်တွေပါခြုံပေးခဲ့တာလဲ။
အသိဝင်လာပြီး ချစ်သောကို ထိတ်ထိတ်ပြာပြာလိုက်ရှာမိတော့ ချစ်သောက ရှိမနေတော့။"Unnieနိုးနေပြီပဲ။"
နောက်ကျောဘက်က ထွက်လာတဲ့ ရင်းနှီးနေတဲ့လေသံကြောင့် ကမန်းကတန်းလှည့်ကြည့်လိုက်တော့ ရေချိုးခန်းထဲက အခုမှထွက်လာတဲ့ပုံစံနဲ့ Bathrobeကို ဝတ်ထားပြီးတော့ ရေစိုနေတဲ့ဆံနွယ်ရှည်ရှည်တွေကို တဘက်နဲ့သုတ်နေတဲ့ ချစ်သော။
Sanaချက်ချင်း သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲလိုက်တယ်။ဘယ်လိုပဲ ငယ်ငယ်တုန်းက ဒီလိုအခြေအနေကို မြင်ဖူးတယ်ဆိုဆို အခုလို စောစောစီးစီး ရင်ပူစရာမြင်ကွင်းကို မြင်ရတော့ သူမမျက်နှာတွေပါ နီရဲလာခဲ့သည်။
တုံ့ပြန်သံမကြားရတာကြောင့် ချစ်သောက ခေါင်းသုတ်နေရင်းနဲ့ပဲ သူမနားကို လျှောက်လာတယ်။သူမရှေ့တည့်တည့်မှာ ရပ်ပြီးတော့ ခေါင်းငုံ့ထားတဲ့သူမကို မေးဖျားကနေကိုင်ပြီးတော့ သူ့ကိုမော့ကြည့်စေသည်။
"ထိုင်လျက်သားနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမြင်တော့ မနက်ကျရင် ညောင်းနေမှာစိုးလို့ ကုတင်ပေါ်တင်ပေးထားတာ။"
ESTÁS LEYENDO
The Winter Story[Satzu Completed]
Historia Corta[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။