"Tzu-ah!'' "Tzuyu-ah!'' "Yarr Chou Tzuyu!''
ရောက်ကတည်းက စားပွဲပေါ်ကို လက်တင်ပြီး မှောက်အိပ်နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း သည်းမခံနိုင်တော့တာကြောင့် Chaeသူ့လက်မောင်းကို ခပ်တင်းတင်းကိုင်လှုပ်ရင်း ကုန်းအော်လိုက်မိသည်။
ဒီရက်ပိုင်း Tzuyuရဲ့ပုံစံဟာ မှိုင်တွေနေပြီးတော့ အရင်လို မဟုတ်။အချိန်တိုင်းလိုလို အတွေးလွန်နေတတ်ပြီးတော့ အတန်းတွေလဲ ပုံမှန်မတက်။တက်ခဲ့လျှင်လဲ စာတောင် လိုက်နားမထောင်တဲ့အချိန်ကများသည်။
ခါတိုင်းဆို ဘယ်လောက်တောင် စိတ်ညစ်နေနေ သူမကိုတော့ ဟန်ဆောင်ပြီးပဲဖြစ်ဖြစ် ပြုံးပြသေးတယ်။အခုလို လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေတဲ့ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးပါ။
Sanaစီနီယာနဲ့ ဘာဖြစ်ထားပြန်ပြီလဲ မသိ။သူ့ကို အခုလိုမျိုး အရူးတစ်ပိုင်းဖြစ်အောင်လုပ်နိုင်တာ စီနီယာပဲရှိတယ်။ အခုသူက သူ့ပုံစံမဟုတ်သလို ပြုမူနေပြန်ပြီ။
"Wae? "
မော့မကြည့်ဘဲ အသံထွက်ရုံလေးထွက်တယ်ဆိုရုံမျှလေသံနဲ့ ဖြေပြီးတော့ သူမကိုကျောပေးပြီး တစ်ဖက်ကို လှည့်သွားတယ်။သူ့ကျောပြင်ကို ကြည့်ရတာလဲ လေးလံနေလိုက်တာ။
"ထပ်ပြီးတော့ စီနီယာSanaကြောင့်ပဲလား?"
သူမပြောလိုက်တဲ့စကားက သူ့အရှိုက်ကို ထိသွားခဲ့တယ်ထင်တယ်။ဖြတ်ခနဲမော့ကြည့်လာတယ်။စီနီယာ့နာမည်ကို ကြားရတဲ့အခိုက်အတန့်မှာ တဖြေးဖြေးနဲ့ ငိုချတော့မလို နီရဲလာတဲ့ မျက်လုံးတွေ။အကြည့်တွေက စူးရှလွန်းလို့ Chaeကိုယ်တိုင် လန့်မိသည်အထိ။
လွယ်အိတ်ကို ပြင်လွယ်ပြီးတော့ ချက်ချင်းသူ့ခုံကနေ ထရပ်တယ်။ပြီးတော့ သူမကိုပြန်မကြည့်ဘဲ အခန်းတံခါးရှိရာကို ဦးတည်လျှောက်သွားခဲ့တယ်။
"ငါအဲ့ဒီအကြောင်းမပြောချင်ဘူးChae"
ဝမ်းနည်းမှုနဲ့ နောင်တတွေဖုံးလွှမ်းနေတဲ့သူ့မျက်ဝန်းတွေက
တကယ်ပဲ ဘာတွေကိုဆိုလိုပါလိမ့်။သူ့ပုံစံမဟုတ်ဘဲ အားမရှိသလိုမျိုး ပျော့ခွေနေတာကြောင့် သူမသူနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ပေးမှဖြစ်တော့မယ်ထင်တယ်။
KAMU SEDANG MEMBACA
The Winter Story[Satzu Completed]
Cerita Pendek[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။