[7]

1.8K 158 12
                                    

"မမလေး Tzuကိုရှာနေတာလား?''

ခြံထဲကအထွက် ကားကို ကျွမ်းကျင်စွာထိန်းမောင်းရင်း မေးလာတဲ့ ရှေ့ခန်းက ဦးလေးကြောင့် ဟိုကြည့်ဒီကြည့်နဲ့ တစ်ဖက်အိမ်ကို လှမ်းကြည့်နေတဲ့ Sana သူခိုးလူမိသွားသလို ရှိုးတိုးရှန့်တန့် ဖြစ်သွားရတယ်..။

တကယ်လဲ သူမချစ်သောကို ရှာနေတာပင်..။ အမြဲတမ်း ကျောင်းတူတူသွားနေကြ ကလေးငယ်က အမြဲတမ်း ကားထဲမှာ ထိုင်စောင့်နေတဲ့ ကလေးငယ်က ဒီနေ့ကျမှ အရိပ်အယောင်တောင် မတွေ့ရ..။အိပ်ရာထနောက်ကျလို့ များလား နေမကောင်းလို့များလားလို့ တွေးမိပေမဲ့ မနေ့က ဖြစ်ခဲ့တဲ့ပြဿနာကို မဖြေရှင်းရသေးဘူးဆိုတာ သတိရတော့ ပိုပြီးစိတ်မချရပြန်..။ ချစ်သော သူမကို စိတ်ဆိုးနေတယ် ဆိုတာ Sanaကောင်းကောင်းသိတယ်လေ..။

"ဟ-ဟုတ်...''

"Tzuလေးက ဒီနေ့ ကိစ္စရှိတယ်ဆိုပြီးတော့ စက်ဘီးနဲ့ မနက်အစောကြီးထွက်သွားတာပဲ..ဦးလေးလိုက်ပို့ပေးပါ့မယ် ဆိုတာကိုတောင် လက်မခံဘူး..''

ဦးလေးက ဘက်မှန်ကနေ ယာဉ်အသွားအလာကို ကြည့်ရင်း လမ်းချိုးတစ်ခုကို ချိုးလိုက်ရင်း ပြန်ဖြေလာတယ်...။ဦးလေး စကားအရ ဒီကလေး ကျောင်းပျက်တာတော့ မဟုတ်ဘူးပဲ..။

"အ-အာ...ဟုတ်ကဲ့..''

ဦးလေးစကားကို ပြန်ဖြေရင်း အိတ်ထဲက Ph ကို ထုတ်လိုက်ပြီး Ph Screenကို ငေးစိုက်ကြည့်နေမိတယ်။
အမြဲတမ်း Good Morning,Good Night ပြောပြီးမှ အိပ်တတ်တဲ့ချစ်သောက အခုတော့ သူမMsgတွေကို replyမပြန်..။Phဆက်တော့လဲ Phပိတ်ထားတယ်..။

ချစ်သောက သူမကို တကယ်စိတ်ဆိုးသွားတာပဲ..။ တကယ်ဆို သူမကလဲ သူမပါပဲ..။ မနေ့က အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ရရက်နဲ့ စီနီယာ့ကို သူမတို့နှစ်ယောက်ကြား ကြာကြာမရှိစေချင်တာနဲ့ ချက်ချင်း နှုတ်ဆက်ပြီး ထွက်လာခဲ့တာ..။

စီနီယာ့ကို ကြည့်တဲ့ချစ်သောအကြည့်တွေကို သူမရိပ်မိတယ်။
သိပ်ကိုဂျစ်ကန်ပြီးစိတ်မြန်တဲ့ ချစ်သောက စီနီယာ့ကို တစ်ခုခုလုပ်မှာကို သူမစိုးရိမ်တယ်..။ချစ်သောကို သူမကြောင့်နဲ့ နာမည်လေးတောင် အစွန်းအထင်း မခံစေချင်။

The Winter Story[Satzu Completed]Où les histoires vivent. Découvrez maintenant