"ဟိတ်....Sana Unnie''
ကျွန်မရဲ့ ညနေခင်းလေးဟာ ချစ်သောအသံလေးကြောင့် ပြီးပြည့်စုံသွားရတာ အမှန်ပါပဲ...။မြတ်နိုးသည်...။
ချစ်သောရဲ့ စကားသံချိုချိုလေးကအစ အော်သံစူးစူးလေး အထိ မြတ်နိုးသည်...။"အော်..ဒီကလေးနဲ့တော့...''
မျက်ဝန်းကိုအုပ်ကိုင်ထားသော သူ့လက်တွေကို ခပ်ဖွဖွပြန်အုပ်ကိုင်ရင်း သူမပြောလိုက်တော့ သူက ခပ်ဟဟရယ်သည်...။
ချစ်သောရဲ့ ရယ်သံချိုချိုတွေကြား ရုန်းမထွက်နိုင်အောင် ပိတ်မိနေလို့ ကျွန်မကို ကယ်တင်ကြပါအုံး...။
"ဘယ်သူလဲ?''
ကလေးရဲ့ ခပ်ရွှတ်ရွှတ်အမေးစကားက ထွက်ပေါ်လာသည်..။ဒီအပြုအမူကြောင့်လဲ သူမပြုံးမိပါသေး..။
ဒါက ချစ်သောရဲ့ငယ်ငယ်လေးကတည်းက အမူအကျင့်...။ ကျွန်မကိုဆို ချစ်သောက တအားနိုင်သည်...။နိုင်တယ်
ဆိုတာထက် ကျွန်မက အမြဲအလျှော့ပေးလို့ အစ်မကြီးတစ်ယောက်လို ချွဲလို့ရလို့ နွဲ့ဆိုးဆိုးတဲ့ ပုံစံမျိုး...။ကျွန်မကိုဆို ချစ်သောက တအားစတာ...။အထူးသဖြင့် ကျွန်မတစ်ယောက်တည်း ရှိနေချိန်ဆို မျက်လုံးကိုကာပြီး ဘယ်သူလဲဆိုပြီးစတတ်တာ ချစ်သောရဲ့အကျင့်...။
"Tzuyu....Chou Tzuyu...''
သူမရယ်မောလိုက်ရင်း ခပ်သွက်သွက်ပြန်ဖြေလိုက်တော့ သူမမျက်ဝန်းကို အုပ်ကိုင်ထားသောလက်တို့ ဖယ်သွားသည်..။ ထို့နောက် သူမဘေးခုံမှာ ဝင်ထိုင်လိုက်ရင်း
"အဖြေမှားတယ်....''
နှုတ်ခမ်းကြီးဆူပြီး ပြောလာသော ချစ်သောက ဘဲပေါက်လေးနဲ့တူသည်...။Aish...လူကိုအသည်းယားအောင် တမင်...။
"Wae?ဘာလို့မှားရတာလဲ ကလေးရဲ့...''
သူမမျက်ခုံးပင့်ပြီးပြန်မေးလိုက်တော့ ဘုကြည့်ပြန်ကြည့်သည်..။ပြီးတော့ ဟီးခနဲ တစ်ချက်ရယ်ကာ သူမပုခုံးပေါ် ခေါင်းလေးမှီရင်း....
"Chawက Chou Tzuyuမဟုတ်ဘူး...Sana Unnieရဲ့ကလေးလေး...!''
ချစ်သောဟာ လူကို ဒီလိုလဲချွဲတတ်ပါသေး...။ကြည့်ပါအုံး..။
ချွဲတာချွဲတာဆိုတာ....ကလေးလေးကျနေတာပဲ....။
KAMU SEDANG MEMBACA
The Winter Story[Satzu Completed]
Cerita Pendek[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။