"Algebra မှာ Equationက x² + y² = 9 ဆိုရင် Sketch က ထူးထူးခြားခြား စက်ဝိုင်းပုံ ထွက်လာလိမ့်မယ် ကလေးရဲ့....''
အသင့်ဆွဲထားသော Xဝင်ရိုးနဲ့ Yဝင်ရိုးပေါ်မှာ အမှတ်တွေကို နေရာချလိုက်ပြီး ဆက်ဆွဲလိုက်ကာ eqရေးရင်း ပြောလိုက်ပေမဲ့ ချစ်သောဆီမှ အသံပြန်မလာ....။
"ကလေး....နားလည်ရဲ့လား?''
သူမခေါ်တာကို မကြားသည့်အလား...မျက်နှာချင်းဆိုင်က Hoodieပန်းရောင်နဲ့ကောင်မလေးက စားပွဲပေါ်မှာ မေးထောက်ရင်း ငြိမ်သက်နေကာ အတွေးလွန်နေဆဲ...။
နှုတ်ခမ်းကို ဘောပင်ဖြင့် တတောက်တောက် ခေါက်ကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အသွင်...။မျက်ဝန်းတွေက သူမကို စူးစူးစိုက်စိုက်ကြည့်နေတာရယ်...။
Sanaမျက်ခုံးတန်းလေးတွေ ပင့်တက်သွားရသည်...။စာသင်ချိန်တွင်တော့ စာကို သေချာသင်ရမယ်လေ..။ပြီးမှ သူမအပေါ် ဆိုးချင်သလောက်ဆိုး...။
"ကလေး....''
အသံမြှင့်ပြီး လှမ်းခေါ်လိုက်တော့ သူမကို ကမန်းကတန်း လှည့်ကြည့်ကာ သွားစွယ်လေးတွေ ပေါ်လာတဲ့အထိ ရယ်ကျဲကျဲလုပ်ပြရင်း...
"Sorry.....Sana Unnie...ဟီး..''
လည်ကုပ်ကို အရှက်ပြေ တစ်ချက်သပ်ကာ ရယ်ကျဲကျဲနဲ့ ပြောလာတဲ့ ချစ်သောကို သူမမျက်စောင်းလေးတစ်ချက် ပင့်ထိုးလိုက်ရင်း...
"စာသင်နေတဲ့အချိန် စိတ်မဝင်စားတာမျိုး Unnieမကြိုက်ဘူးနော်ကလေး....စာသင်ပြီးမှ လုပ်ချင်တာလုပ်...''
သူမစကားကြောင့် အပြစ်လုပ်ထားတဲ့ ကလေးမလေးပမာ ခေါင်းလေးမသိမသာ ငုံ့သွားသည်..။ထို့နောက် သူမကို အသနားခံသလို အကြည့်နဲ့ ကြည့်ရင်း...
"Miyan.....အတွေးလေးနဲနဲလွန်သွားမိလို့ပါ...''
ပြောရင်း လက်ကလဲ နဲနဲလေးဆိုတဲ့ပုံစံကို လုပ်ပြနေသေးတယ်...။ဒီကလေးနှယ်...ချစ်ဖို့ကောင်းတဲ့ အမူအယာတွေ လုပ်ပြနေသေးတယ်...။လူက တော်တော်
ချစ်ဖို့ မကောင်းဘူးဆိုတော့....။"ဘာတွေတွေးနေတာလဲ....ပြောပါအုံး..''
ချစ်သောလက်ထဲကို စာရွက်ထည့်ပေးလိုက်ရင်း သူမ မေးလိုက်တော့ ချစ်သောက ရယ်ကျဲကျဲနဲ့ ခေါင်းခါတယ်....။
KAMU SEDANG MEMBACA
The Winter Story[Satzu Completed]
Cerita Pendek[Zawgyi+Unicode] ခေါင်းစဉ်နဲ့လိုက်အောင် ရိုးရိုးရှင်းရှင်းလေးပါပဲ... ဆောင်းနှင်းမြူတွေကြားက ရင်ထဲကို နွေးစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။