အပိုင်း(၅၁)(Unicode)
3.4K 359 13
မနက်ခင်းစောစောစီးစီး ရေချိုးခန်းထဲမှ ရေသံတွေကို လွှမ်းစေသူ ကြားနေရသည်။နှစ်ယောက်တည်းသာ ရှိသည်မို့ မောင့်အပြင် တခြားလူဆိုတာ မဖြစ်နိုင်။
"မောင်...!
မောင်ရေ လာပါဦး"
သနားစရာအသံလေးနှင့် လွှမ်းစေသူက အော်ခေါ်လိုက်သည်နှင့် မောင်ကလည်း စိုနေသည့်လက်ကလေးတွေကို ပုဆိုး၌သုတ်ကာ ဘေးသို့ လာထိုင်ပေးသည်။
"ဘာလို့လဲ အဲလေး
ဗိုက်ဆာပြီလား"
"မဆာသေးပါဘူး
မောင်က စောစောစီးစီးဘာလုပ်နေတာလဲ
ဒီလောက်အေးနေတာကို"
လွှမ်းစေသူလည်း မောင့်လက်ကလေးကို ကိုင်ကြည့်လိုက်သည်။မောင့်လက်ကလေးတွေက အေးစက်နေလေပြီ။
"အဝတ်တွေလျှော်နေတာပါကွာ
အေးချမ်းအောင် တွေ့သွားရင် မကောင်းလို့လေ"
"မောင်ကလည်း ဘာဆိုင်လို့လဲ
ဒီတိုင်းအဝတ်လျှော်တယ်လို့ပဲ သူထင်မှာပါ"
"အိပ်ရာခင်းကြီးရောလေ အဲလေးရဲ့"
"မောင်ကတော့နော် ရှက်စရာမရှိကြံဖန်ပြီး ရှက်​နေတော့တာပဲ။အဝတ်တွေကို စိမ်ထားလိုက် ပြီးမှပဲ အတူတူလျှော်ကြရအောင်လေနော်။အခုတော့ ပြန်အိပ်ဦး
မောင့်လက်တွေ အရမ်းအေးနေပြီ"
"မအိပ်တော့ပါဘူးကွာ
အဲလေးလည်း ထတော့လေ
မျက်နှာသစ် ဘုရားကန်တော့ လေ့ကျင့်ခန်းလုပ်တော့"
"မောင်ကလည်း အေးသေးတယ်လေ
မထသေးပါဘူး"
လွှမ်းစေသူကတော့ စောင်လေးကိုဆွဲကာ ခေါင်းမြီးခြုံလိုက်သည်။မောင်က စောင်ကိုဆွဲထား၍ လွှမ်းစေသူလည်း စောင်ကိုပြန်ဆွဲလိုက်သည်။သို့ပေမယ်...
"အား....အေးတယ်လို့
မောင့်လက်ကြီးကို အခုချက်ချင်းနှုတ်ပေး"
"မနှုတ်ဘူးကွာ...အေးရင် ပြန်မအိပ်နဲ့တော့
ပြန်အိပ်လို့ကတော့ အဲလေးရဲ့ဗိုက်ကိုပါ ကိုင်လိုက်မှာနော်"
အေးချမ်းမောင်ကတော့ အေးနေသည့်လက်တွေနှင့် အဲလေးရဲ့ကျောလေးကို ပွတ်သပ်ပစ်လိုက်သည်။
"အားဟား...အေးတယ်လို့
ထပြီ ထပြီ ဖယ်တော့"
လွှမ်းစေသူလည်း စောင်ကိုကန်ချလိုက်ပြီး ချက်ချင်းထထိုင်လိုက်သည်။ကျောမှ မောင့်လက်ကိုလည်း အပေါ်ထိတက်မှာစိုး၍ လွှမ်းစေသူလည်း အပေါ်မှပြန်ဖိကိုင်ထားလိုက်သည်။