"ဟမ်...အဲလေး..! "
အဲလေးစကားကြောင့် အေးချမ်းမောင်မှာ မှိတ်ထားသည့်မျက်လုံးတောင်ပွင့်ရုံမဟုတ်ဘဲပြူးတောင်ပြူးသွားရသည်။
ထို့်နောက်နီးကပ်နေသည့်အဲလေးကိုမကြည့်တော့ဘဲ အကြည့်လွှဲလိုက်သည်။လိုဏ်ဂူဖြစ်နေ၍အနည်းငယ်မှောင်ကာ ကျဉ်းနေသည်။အေးချမ်းမောင်လည်း အသက်ရှူကျပ်။ထို့နောက် တစ်စုံတစ်ခုကို အေးချမ်းမောင် သတိရသွားသည်။
"ဒါနဲ့ အဲလေးဘာဆုတောင်းတာလဲ။ငါမမြင်ရဘူး"
အေးချမ်းမောင်လည်း အဲလေးကိုပြန်မေးလိုက်သည်။"ဒီလူကြီးကတော့ စိတ်ရှိတိုင်းနမ်းလိုက်ရ ဟမ်းဟမ်း"
လွှမ်းစေသူကတော့ မအူမလည်ဖြစ်နေသော အစ်ကို့ကိုကြည့်ပြီး အသည်းယားလာသည်။ထို့နောက် ပြုံးစိစိလေးဖြင့်အစ်ကို့နားသို့တိုးသွားလိုက်သည်။"ကျွန်တော်ဆုတောင်းတာက.... အစ်ကို့နဖူးနဲ့ကျွန်တော့်နှုတ်ခမ်း ထိခွင့်ရပါစေလို့ ဆုတောင်းလိုက်တာ"
လွှမ်းစေသူလည်း အစ်ကို့ကို တိုးတိုးလေးပြောပြီး 'ဘယ်လိုလဲ နားလည်ပြီလား'ဟူသောသဘောဖြင့် ကြည့်ရင်းပြုံးနေလိုက်သည်။"ဩော် အဲ့လိုကိုး..."
အေးချမ်းမောင်ကတော့ အမှုမဲ့အမှတ်မဲ့ပင် ခေါင်းညိတ်နေလိုက်သည်။"ဟုတ်တယ် အဲ့လို..ဒီဘုရားက ဆုတောင်းပြည့်တယ်နော် ဟီးဟီး"
လွှမ်းစေသူကတော့ အစ်ကိုမရှက်မခြင်း စ, နေလိုက်သည်။"အင်း အဲ့လိုဆိုတော့လည်း ဆုတောင်းပြည့်တယ်လို့ပြောလို့ရတာပေါ့.."
အေးချမ်းမောင်ကတော့ ဘုရားရှင်၏မျက်နှာတော်ကိုသေချာဖူးရင်းပြောလိုက်သည်။"အဲ့ဒါဆို ကျွန်တော် နောက်ထပ်ဆုတစ်ခုတောင်းလိုက်မယ်လေ ရလားအစ်ကို"
"အင်း တောင်းလေ ငါစောင့်နေပေးမယ်"
"ဟုတ်ကဲ့ "
လွှမ်းစေသူလည်း ဘုရားကန်တော့ပြီးဆုတောင်းဟန်လေးလုပ်လိုက်သည်။မျက်နှာကတော့ပြုံးဖြီးကာ ရယ်ချင်နေလေသည်။စိတ်ကိုမနည်းထိန်းထားရသည်။"ရပြီ ဆုတောင်းပြီးပြီ"
"အင်း အဲ့ဒါဆို အပြင်ထွက်ကြစို့"
YOU ARE READING
عاطفيةုသွေးအေးလွန်းတဲ့မောင့်ကို အဲလေး စိတ်မရှည်တော့ဘူး။ #လွှမ်းစေသူ အဲလေး အတိတ်ဘဝကဆုတောင်းမှားခဲ့လို့ အခုလို မောင့်ကိုချစ်မိတာလို့ သတ်မှတ်လိုက်ပါ #အေးချမ်းမောင် ************************************** ု်သွေးအေးလွန်းတဲ့မောင့်ကို အဲလေး စိတ်မရှည်တော့ဘူး။ #လွှ...