အပိုင်း(၄၇)(Unicode)
4K 379 7
ထို့နောက် မေကတ္တီပါလည်း လွှမ်းစေသူတို့နားသို့ ပြန်လာခဲ့လိုက်သည်။
"စားလို့ ပြီးကြပြီလား"
"ပြီးပါပြီ ခင်ဗျ"
အေးချမ်းမောင်လည်း မမေကတ္တီပါ ထိုင်ရန်အတွက် အဲလေးရဲ့ဘေးသို့ တိုးကပ်ကာ နေရာပေးလိုက်သည်။
"ဘာများသိချင်လို့လဲဗျ"
လွှမ်းစေသူလည်း မားကို မေးလိုက်သည်။
နာမည်က လျှာခလုတ်တိုက်လွန်း၍ သူပြောသလို မားဟုသာ ခေါ်လိုက်သည်။ပါကြီးလို့တော့ မခေါ်ချင်ပေ။မောင့်ရှေ့ခေါ်ပါက ခေါင်းခေါက်ခံရနိုင်သည်။
"ငါ့ကို မှတ်မိလို့တော်သေးတာပေါ့
ဒါနဲ့ အရိပ်လေးရော"
"သားက အိမ်မှာလေ
အဲလေး မေမေနဲ့နေခဲ့တာ"
"​ေဩာ်...မင်းတို့ ချစ်သူစဖြစ်တဲ့နေ့ကို ပြောပြပေးလို့ရမလား။မားရဲ့ pageမှာ မင်းတို့အကြောင်းတင်ပေးချင်လို့"
လွှမ်းစေသူလည်း မောင့်ကို ကြည့်လိုက်သည်။မောင်ကတော့ အလေးအနက်စဉ်းစား​နေလေသည်။
"အဲလေးအတွက် အဆင်ပြေပါ့မလား
အဲလေးက ကျောင်းလည်းတက်ရဦးမှာ
နောက်ပြီး စီးပွားရေးလောကထဲလည်း ဝင်ရဦးမှာလေ။အဲလေးကို လူတွေက ရှောင်ကြရင်ဘယ်လိုလုပ်မလဲ"
"မောင်ကလည်း အဲ့လောက်ကြီးမတွေးပါနဲ့
ကျွန်တော်က အဆင်ပြေတယ်
အမှန်တိုင်းပြောရရင် မောင်က ကျွန်တော့်အပိုင်ဆိုတာကို တစ်လောကလုံးကိုတောင် ပြောပြချင်တာ"
"လွှမ်းစေသူက ငါ့ကိုမမြင်တာတော့ မဟုတ်လောက်ပါဘူးနော်"
မေကတ္တီပါလည်း နှစ်ယောက်ကမ္ဘာတည်နေသော လွှမ်းစေသူကို ရှုတည်တည်နှင့်ကြည့်ကာ တွေးလိုက်သည်။
"အင်းပါ အဲ့ဒါဆိုလည်း အဲလေးသဘောပဲလေ"
"အဲ့ဒါဆို ကျွန်တော်ပြောလိုက်တော့မယ်နော်"
လွှမ်းစေသူလည်း မောင့်ဆီမှ အတည်ပြုချက်ယူလိုက်သည်။မောင်က ခေါင်းညိတ်ပြနေ၍ လွှမ်းစေသူလည်း မားကိုပြောလိုက်သည်။
"4လပိုင်း 12ရက်နေ့ပါ
နေ့ကတော့ သင်္ကြန်အကြိုနေ့ပေါ့"
"​ေဩာ် ခါကြီးရက်ကြီးမှာ မင်းက အဖြေရအောင်ယူလိုက်တာပေါ့"