အပိုင်း(၃၈)
2K 168 13
"အေးချမ်းမောင်
ထမင်းစားရအောင်လေ"
ကိုတိုးကျော်ရဲ့ အသံကြားသည်နှင့် အေးချမ်းမောင်လည်း အခန်းထဲမှထွက်လာခဲ့လိုက်သည်။
"ကိုတိုးကျော်က ဒီမှာစားတာလား"
"အင်း
ငါနဲ့တိုးဇော်ကတော့ အိမ်မှာပဲယူစားတာ
ကျန်တဲ့လူတွေကတော့ သီးသန့်စားကြရတာ"
"​ဩော် ဟင်းတွေက အတူတူပဲလား"
"ဘယ်တူပါ့မလဲ
သခင်မကြီးတို့က တစ်မျိုး
ငါတို့်ညီအစ်ကိုက တစ်မျိုး
ဝန်ထမ်းတွေက တစ်မျိုးပေါ့ကွာ"
"​ဩော်
တော်တော်အလုပ်ရှုပ်မှာပဲနော်
အတူတူစားလိုက်ရင် ပြီးနေတာကို"
အေးချမ်းမောင်လည်း လက်ဆေးရင်း ပြောလိုက်သည်။တိုးကျော်ကတော့ ဖြူစင်လွန်းသည့် အေးချမ်းမောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ထို့်နောက် အေးချမ်းမောင်အတွက် ထမင်းထည့်ပေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား
်မရရင် ငါခွန့်ကျွေးမယ်လေ"
"အာ...ရပါတယ်ခင်ဗျ
သက်သာလာပါပြီ"
"အေးအေး
မင်းအတွက် ဟင်းရွက်ချက်တွေယူလာခဲ့တယ် စားနော်"
"ကျေးဇူးပါခင်ဗျ"
တိုးကျော်နှင့် အေးချမ်းမောင်တို့်လည်း ထမင်းစားလိုက်ကြတော့သည်။ထမင်းစားပြီးသည်နှင့် အေးချမ်းမောင်လည်း ခဏနားလိုက်သည်။
"အေးချမ်းမောင်
လာလေ ငါနဲ့အတူတူဇာတ်လမ်းကြည့်ရ​အောင်"
"တော်ပါပြီ ခင်ဗျ
ကျွန်တော် တရားထိုင်လိုက်ပါဦးမယ်"
"​ဩော် အေးအေး"
အေးချမ်းမောင်က တရားထိုင်နေ၍ တိုးကျော်မှာ အလိုလိုရှက်မိသည်။
အေးချမ်းမောင်လည်း တရားထိုင်ရင်းသာ စိတ်ကိုဖြေသိမ့်လိုက်သည်။တရားသည်သာလျှင် အေးချမ်းမောင်ကို နှစ်သိမ့်ပေးနိုင်သည်။
တိုးကျော်ကတော့ ခွင့်ရက်ရတုန်းလေးမို့ ကောင်းကောင်းနားနေလိုက်သည်။သခင်လေးရဲ့မွေးနေ့ပြီးပါက အလုပ်တွေက အစုလိုက်အပြုံလိုက်ဝင်လာလိမ့်မည်။
မနက်ဖြန်ရောက်လျှင် သခင်လေးရဲ့ပါတီပွဲအတွက် ပြင်စရာတွေရှိ၍တိုးကျော်လည်း သခင်ကြီးတို့်အိမ်ဘက်သို့ သွားလိုက်သည်။