မိုတီလေးရဲ့ မေတ္တာစာ
3.4K 216 16
မိုတီ ပမဦးဆုံးပြောချင်တာကတော့ မိုတီရဲ့ အတွေး ခံစားချက်လေးတွေကို ထပ်တူလိုက်ခံစားပေးကြတဲ့ မိုတီရဲ့ အားဆေးလေးတွေကို ကျေးဇူးတင်ပါတယ်။
အားဆေးလေးတွေသာ မရှိရင် ဇာတ်လမ်းလေးရဲ့ the endဆိုတာ ရောက်လာမှာမဟုတ်ပါဘူး။
မိုတီတကယ်ကို ပီတိဖြစ်ရသလို ပျော်လည်းပျော်ခဲ့ရပါတယ်။နောက်ထပ်လည်း အားဆေးလေးတွေကို ဆက်တွေ့ချင်ပါသေးတယ်။
ဒုတိယအချက်ကတော့ မိုတီ စာလုံးပေါင်းသတ်ပုံမှားတာလေးတွေ ရှိပါတယ်။
လဲနဲ့လည်းကို မေ့ပြီးသုံးခဲ့မိတဲ့အတွက် မိုတီအားနာရပါတယ်။နောက်ထပ်လည်း မှားနေသေးတာတွေ ရှိပါသေးတယ်။အဲ့ဒီအမှားတွေကိုလည်း မိုတီပြန်ပြင်ပေးပါ့မယ်။
မိုတီက ပေါ့ပေါ့ဆဆနဲ့ရေးလိုက်တာ မဟုတ်တာတော့ သေချာပါတယ်။မိုတီ အလေးထားပြီး ရေးလိုက်တာပါ။အစတည်းက မသိ၍လည်းကောင်း ရောထွေး၍လည်းကောင်း လောနေ၍လည်းကောင်း စာလုံးပေါင်းအမှားတွေ ပါသွား၍ နောက်တစ်ခါ ထပ်မဖြစ်အောင် မိုတီထပ်ကြိုးစားပါ့မယ်။ပြန်ပြင်ပါ့မယ်။အားဆေးလေးတို့က မိုတီကိုယုံရင် ရှေ့ဆက်မယ့် ခရီးအတွက် မိုတီဘေးမှာ ရှိပေးပါနော်။မယုံရင်လည်း ရပါတယ်ရှင့် ယုံကြည်လာတဲ့ နေ့ထိ မိုတီကြိုးစားပါ့မယ်။
တတိယအချက်ကတော့ extraမရေးတော့ဘူးနော်။
ဘာလို့လဲဆိုတော့ S2အနေနဲ့ လွမ်းရိပ်လေးနဲ့ လခြမ်းလေးတို့ကို ဆက်ရေးပေးပါ့မယ်။ဒါပေမယ့် ကြာဦးမှာပါနော်။တော်တော်ကိုကြာဦးမှာပါ။ဘာလို့လဲဆိုတော့ မိုတီလည်း နားပြီး စာရေးနေလို့ မလုပ်ဖြစ်တဲ့ အရာတွေကို ပြန်လုပ်ပါရပါဦးမယ်။
ဥပမာ စာဖတ်တာတို့ ဇာတ်လမ်းကြည့်တာတို့ပေါ့။
နောက်ဆုံးအချက်ကတော့ သစ္စာပြု၍ပြောပါလေ ဆိုတဲ့ဇာတ်လမ်းလေးကို plotချပြီး ရေးထားပါ့မယ်။
အဲ့ဒါကြောင့် မိုတီ နားချိန်အများကြီးယူပါဦးမယ် ဟီး။
သစ္စာပြု၍ပြောပါလေ ဆိုတဲ့ ficလေးက rebirthလေးပါ။ဦးနဲ့ငယ်လို့လည်း ပြောလို့ရပါတယ်။ဦးနဲ့ငယ်ဆိုလို့ အသက်ကွာတယ်မထင်လိုက်ပါနဲ့ မကွာပါဘူး။နာရီပိုင်းလေးပဲ ခြားတာပါ။ဒါဆို ဘာလို့ ဦးနဲ့ငယ်လဲဆိုတော့ ရင်ခွင်ဦးနဲ့ ဘုန်းမြတ်ငယ်မို့ပါ ဟဲ။
ဒါနဲ့ မောင်နဲ့အဲလေးကို အိမ်ခေါ်ထားချင်ကြလား။
အိမ်ခေါ်ထားချင်တဲ့သူများရင်​တော့ မိုတီစဉ်းစားပြီး အကြောင်းပြန်မယ်နော်(များရင်ဆိုတာက စာအုပ်တိုက်က ထုတ်​ပေးနိုင်လောက်တဲ့ အ​ရေအတွက်ပါ)။စာ​တွေကတော့ စာအုပ်ထုတ်ဖြစ်သည်ဖြစ်စေ မထုတ်ဖြစ်သည်ဖြစ်​စေ ပြန်ပြင်ပြီး စီပေးမှာပါ။အဲ့ဒီတော့ မထုတ်ဖြစ်ခဲ့ရင်လည်း အစကနေ ပြန်ဖတ်ကြည့်လို့ရတယ်နော် မိုတီက အကောင်းဆုံးပြင်ပေးထားမယ်။အခုတော့ မပြင်ရသေးဘူးပေါ့နော် ဟဲ။ပြင်ပြီးရင် မိုတီ အကြောင်းကြားပါ့မယ်နော်။
ကဲ...ဒါဆိုရင်...မိုတီရဲ့ အားဆေးလေးတွေကို မိုတီနှုတ်ဆက်ခဲ့ပြီနော်...သစ္စာပြု၍ပြောပါလေမှာ ပြန်ဆုံကြမယ်။အတိအကျအားဖြင့် ၄လပိုင်း ၅ လပိုင်းလောက်ပေါ့။ဟီး...နည်းနည်းကြာတယ်နော်။
ဒါပေမယ့် မိုတီကို လွမ်းရင် မိုတီဆီလာပြီး စကားပြောလို့ရပါတယ်။Hi စားပြီးပြီလားတော့ မပြောနဲ့နော် hello မိုတီရေလို့ စပြောနော်။
အားလုံးကို ချစ်ပါတယ်နော်။
Bye.....See you😘
မိုတီပြန်လာခဲ့မှာမို့ မေ့မသွားနဲ့နော်။
မိုတီလေးတို့ရဲ့ မိုတီလေး💙
*********************************