အပိုင်း(၁၇)(Unicode)
5.4K 528 17
"ရေး....အစ်ကို့ဆီငါသွားလို့ရပြီကွ....
သိကြားမင်းရေ မြန်မြန်ဆင်းခဲ့ပါတော့.."
လွမ်းစေသူလည်း အိပ်ခန်းထဲသို့ဝင်သွားလိုက်ပြီး မွေ့ယာပေါ်မှာလူးလိမ့်လိုက်သည်။ထို့နောက် ဖေဖေပြန်အလာကိုစောင့်နေလိုက်သည်။
"နွားလေးရေ မင်းတို့ရွာကို ငါလာခဲ့တော့မယ်"
လွှမ်းစေသူလည်း စားပွဲပေါ်ကနွားရုပ်လေးကိုပြောလိုက်သည်။ထို့နောက် လွှမ်းစေသူလည်း အံဆွဲလေးထဲမှပေတောင်းလေးကို
ထုတ်လိုက်သည်။ဖေဖေဝယ်ပေးထားသည့်ရင်ထိုးလေးကိုလည်းသေချာကိုင်ကြည့်လိုက်သည်။
"မောင်..! "
Mပုံစံရင်ထိုးလေးကိုကြည့်ပြီးလွှမ်းစေသူလည်းပြုံးလိုက်သည်။ထို့နောက်ရင်ထိုးလေးကိုပေတောင်းလေးထဲထည့်ရန်စိတ်ကူးမိသည်။
"တော်ပါပြီ ငါကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံနဲ့မှဝယ်ပေးတော့မယ်"
လွှမ်းစေသူလည်း ရင်ထိုးလေးကို စားပွဲပေါ်ပြန်တင်လိုက်သည်။
အစ်ကိုပေးသည့်မာလကာသီးလေးကိုယူစားလိုက်သည်။ဘာလိုလိုနှင့်အစ်ကိုပေးသည့်မာလကာသီးတောင်ကုန်တော့မည်။လွှမ်းစေသူလည်း အခန်းထဲမှာအငြိမ်မနေဘဲ လမ်းလျှောက်လိုက် ပြတင်းပေါက်နားမှာရပ်ပြီး ဖေဖေ့ကိုမျှော်လိုက်နှင့် အလုပ်ရှုပ်နေသည်။
"ဟာ...ဖေဖေလာပြီ..! "
ဖေဖေပြန်လာသည်ကိုမြင်၍ လွှမ်းစေသူလည်းအပြေးလေးဆင်းသွားလိုက်သည်။
"ဖေဖေ..
သားရဲ့ဆိုင်ကယ်ရော"
လွှမ်းစေသူလည်း ကားထဲမှထွက်လာသည့်ဖေဖေ့ကိုမေးလိုက်သည်။
"သူဌေးလေး..လာပါလိမ့်မယ်ဗျ"
ဦးမင်းသူလည်း သားရဲ့ခေါင်းလေးကိုထိရင်းပြောလိုက်သည်။
"ဟုတ်ကဲ့..အဲ့ဒါကြောင့် ဖေဖေ့ကို ချစ်တာ"
လွှမ်းစေသူလည်း ဖေဖေ့ကိုဖက်လိုက်သည်။
"အမလေး သားရယ်..
သားဖေဖေကို အိမ်ထဲထိဝင်ခိုင်းလိုက်ပါဦး"
ဒေါ်လွမ်းချိုလည်း ခင်ပွန်းဖြစ်သူကိုအပြုံးနှင့်ကြိုဆိုလေသည်။
"အာ..ဟုတ်သားပဲ
လာ ဖေဖေ လာ လာ"
လွှမ်းစေသူလည်းဖေဖေ့လက်ကိုဆွဲခေါ်သွားလိုက်ပြီးထိုင်ခုံပေါ်မှာထိုင်ခိုင်းလိုက်သည်။