အပိုင်း(၄၆)(Unicode)
4.1K 391 15
"Hello သားလေး
လပြည့်ညမှာ ပျော်ခဲ့ရဲ့လား"
ဒေါ်လွမ်းချိုကတော့ သားလေးကို ဆီးကြိုနှုတ်ဆက်လိုက်ပြီး အေးချမ်းမောင်ကိုပါ ပြုံးပြလိုက်သည်။ကိုယ့်လိပ်ပြာကိုယ်မလုံ၍ အေးချမ်းမောင်နှင့် အကြည့်တော့မဆုံဖြစ်ပေ။ကောင်လေးကတော့ ဖြူဖြူစင်စင်ပင်။ထို့နောက် ကောင်လေးရဲ့ လက်ထဲမှ ကလေးငယ်သည်လည်းအပူပင်ကင်းကာ ဖြူစင်လွန်းလှသည်။
"သားလေး..ဒီကလေးက"
"မေမေကလည်း သားတို့်က မထိုင်ရတော့ဘူးလား"
စိတ်ဝင်စားဟန်အပြည့်နှင့်မေးနေသော မေမေ့ကို လွှမ်းစေသူလည်း ပြုံးပြလိုက်သည်။
"ဟုတ်သားပဲ ချိုကလည်း သားတို့ကိုထိုင်ခိုင်းလိုက်ပါဦး"
ဦးမင်းသူလည်း ငြိမ်နေရာမှ ဝင်ပြောလိုက်သည်။ထို့နောက် တိုးကျော်ကိုလည်း သွားနားလို့ရပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကဲ ကဲ အဲ့ဒါဆိုလည်း ထိုင်ကြလေ
ပြီးရင်တော့ မေမေမေးတာကိုဖြေဦး"
"ဟုတ်ကဲ့ မေမေ"
လွှမ်းစေသူလည်း မောင့်လက်ကလေးကိုဆွဲပြီး မောင့်ကိုပါ ထိုင်ခိုင်းလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
အေးချမ်းမောင်လည်း အဲလေးရဲ့မိဘတွေကို နှုတ်ဆက်လိုက်သည်။
"သား
ဒီကလေးရဲ့ အကြောင်းကို ပြောပြပါဦး"
ဒေါ်လွမ်းချိုကတော့ ကလေးလေးရဲ့အကြောင်းကို စိတ်ဝင်စားလွန်းနေသည်။
"သားလေးက မောင့်ရဲ့သားလေးလေ
အဲ့ဒီတော့ သားရဲ့သားလေးပေါ့ "
"ဒါဆို မင်းနဲ့ ဒီကလေးကရော ဘယ်လိုတော်စပ်တာလဲ"
ဦးမင်းသူလည်း အေးချမ်းမောင်ကို မေးလိုက်သည်။
"သားလေးနဲ့ ဘယ်လိုတော်စပ်လဲဆိုတာထက် သားလေးကို ဘယ်လိုသဘောထားလဲ ဆိုတာကိုပဲ ကျွန်တော်ပြောပြပါ့မယ်
ကျွန်တော်က သားလေးကို ကျွန်တော့်ရဲ့ သွေးသားရင်းတစ်ယောက်လို သဘောထားတာပါ။အဲ့ဒါကြောင့် သားလေးက ကျွန်တော့်ရဲ့ သားအရင်းပါ"