အပိုင္း(၃၉)
2.1K 205 12
"ဟယ်တော် ကိုကြီး! "
ကိုကြီးကို မြင်၍ အေးမြတ်မွန်လည်း လန့်သွားသည်။စက်ဘီးလေးကို ရပ်လိုက်ပြီး ကိုကြီးရဲ့အနားသို့သွားလိုက်သည်။ ကိုကြီးရဲ့လက်ထဲမှာ ကလေးလေးပါလာ၍ အေးမြတ်မွန်လည်း ပိုအံ့ဩသွားသည်။
"​ေဩာ်... အဲအဲ
မြရိပ်လမ်းက ဘာလို့လဲ"
ပုံမှန်ဆိုလျှင် ရွာကလူတွေက မြရိပ်လမ်းမှ သွားကြတာများသည်။စိုင်ပြင်နှင့် မြရိပ်ဆက်သွယ်ထားသည့် လမ်းပင်။ကြားထဲမှာ ရွာတွေလည်းရှိနေ၍ သွားရတာ စိတ်ချရသည်။
မူးရိုးလမ်းက လူရှင်းပြီး အနည်းငယ်ဝေးသည်ဟုထင်ရသည်။စိုင်ပြင်ကျောင်းဆိုလျှင် မြရိပ်လမ်းကသာ ပိုနီးသည်။
"မြရိပ်လမ်းက လမ်းပြင်နေလို့လေ
ဒါနဲ့ ကိုကြီးက ဘယ်လိုလုပ်"
အေးမြတ်မွန်လည်း ကိုကြီးရဲ့လက်ထဲမှ ကလေးလေးကိုကြည့်လိုက်သည်။
"ဒါက ငါ့သားပါ
အကြောင်းစုံကို နောက်နေ့မှရှင်းပြပါ့မယ်
အခုတော့ ကျောင်းသွားတော့လေ နောက်ကျလိမ့်မယ်"
"ကိုကြီးက တဲထိခြေလျင်သွားမှာလား"
"အေးလေ"
"ကျုပ်လိုက်ပို့ပါ့မယ်တော်
လာ လာ စက်ဘီးပေါ်တက်"
"ရပါတယ် အဲအဲရဲ့
အဲအဲသာ ကျောင်းသွားပါ"
အေးချမ်းမောင်လည်း တကယ်တော့ တဲကို အမြန်ရောက်ချင်ပြီ။သားလေးကို နေပူမိမှာစိုးသည်။
"လာပါ ကိုကြီးရယ်
မနက်ကျောင်း မမီလည်း နေ့လည်ကျောင်းပေါ့။အခုတော့ ကလေးလေး အပူမိလိမ့်မယ်"
"အေးပါ အေးပါ"
အေးချမ်းမောင်လည်း အဲအဲရဲ့စက်ဘီးနားသို့သွားလိုက်သည်။
"ဒါနဲ့ ငါ့ကိုနိုင်လို့်လား"
"နိုင်တော့နိုင်ပါတယ် ဒါပေမယ့် သိပ်မသေချာဘူး။ကိုကြီးက ရှေ့ကနေစီးလေ
ကျုပ်က ကလေးလေးကို နောက်ကနေချီမယ်"
"ငါ့သားကို သေချာချီခဲ့နော်"
"ဟုတ်ကဲ့ပါ ကိုကြီးရဲ့"
အေးချမ်းမောင်တို့ မောင်နှမလည်း စက်ဘီးလေးစီးလျက် တဲသို့လာခဲ့လိုက်တော့သည်။