အပိုင်း(၃၆)(Unicode)
3.9K 403 55
လူနာတင်ယာဉ်၏ အချက်ပေးမြည်သံက လလူတွေကို တုန်လှုပ်စေသည်။အရှိန်မြန်မြန်မောင်းနှင်လာသော ကားတစ်စီးသည် ရွှေတော်ဝင်ဆေးရုံရှေ့၌ ရပ်တန့်သွားတော့သည်။ကားထဲမှ ကောင်လေးနှစ်ယောက်ကိုလည်း ဆေးရုံထဲသို့်အမြန်ခေါ်ဆောင်သွားကြတော့သည်။ထိုကောင်လေးနှစ်ယောက်ကတော့ အမှောင်ထုထဲမှာ
မသေချာမရေရာမှုတွေနှင့်ပင်။ထိုခံစားချက်က မည်သို့မည်ပုံဆိုတာကို ဖွင့်ပြောဖို့တော့ခက်နေသည်။လျင်မြန်စွာ လှုပ်ရှားနေကြသော ဆရာဝန်တို့ကလည်းစိုးရိမ်မှုအပြည့်နှင့်ပင်။ထို့အပြင် သောကတွေပူလောင်လျက် မနေနိုင်မထိုင်နိုင်ဖြစ်နေသော ဇနီးမောင်နှံနှစ်ယောက်လည်း ရှိသည်။သတင်းဆိုးကြားလိုက်ရ၍ အပူလုံးကြွကာ ငိုကျွေးနေသော ဇနီးမောင်နှံလည်းရှိနေပြန်သည်။
ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကလည်း လူအများနှင့်စီးလာသည့် ကားထဲမှာတောင် သူတို့နှစ်ယောက်တည်း ပူလောင်နေသလို ခံစားနေရပြန်သည်။ထိုအဖြစ်ပျက်အကြောင်းအရာတွေက မည်သို့ဖြစ်လာမည်နည်း။
ကျီစယ်လွန်းသော ကံတရားကိုသာ အပြစ်ပုံချရမည်လော။သို့မဟုတ် ကောင်းကင်နှင့်မြေကြီးကို နီးစပ်သည်ဟုမြင်နေသော
ကောင်လေးနှစ်ယောက်ကို ဟားတိုက်ရမည်လော။
ဆေးရုံ၏ အခန်းတစ်ခန်းထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသော ကောင်လေးနှစ်ယောက်။နာကျင်မှုတွေကို မေ့ထားလိုက်ပြီး အဲလေးကိုစိုးရိမ်စိတ်နှင့် အေးချမ်းမောင်လည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
အခန်း၏မျက်နှာကြက်မှတစ်ဆင့် ဘေးကို ငဲ့ကြည့်လိုက်သည်။
ခေါင်းမှာ ပတ်တီးစည်းထားသော အဲလေးကတော့ အိပ်မောကျနေဆဲပင်။သတိမရသေးဟူ၍တော့ မပြောချင်ပေ။တကယ်လို့များဆိုသည့်အတွေးက အေးချမ်းမောင်ရဲ့ခန္ဓာကိုယ်မှ ဒဏ်ရာတွေထက် ပိုနာကျင်ရသည်။
အေးချမ်း​မောင်ရဲ့ ညာဘက်လက်နှင့် ဘယ်ဘက်ခြေထောက်ကတော့ ပတ်တီးစည်းထားရသည်။ခေါင်းကတော့ ဆိုင်ကယ်ဦးထုပ်ပါ၍ မထိခိုက်မိပေ။
အဲလေးကတော့ ခွဲစိတ်ခန်းထဲဝင်ထားပုံပင်။အဲ​လေးရဲ့ခေါင်းမှာလည်း ပတ်တီးစည်းထားသေးသည်။ညာဘက်ခြေကျင်းဝတ်မှာလည်း ကျောက်ပတ်တီးစည်းထားပြန်သည်။
အဲလေး အဆင်ပြေပါစေဟု ဆုတောင်းလိုက်သည်နှင့်အေးချမ်းမောင်ရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်တွေက ကျလာပြန်သည်။
အဲလေးရဲ့အနားကိုသွားဖို့ ထ ရန်အားယူပေမယ့် ခန္ဓာကိုယ်က ဘယ်လိုမှလှုပ်မရပေ။
သူနာပြုဆရာမလေး ဝင်လာသည်နှင့် အေးချမ်းမောင်လည်း အားကိုးရာရသွားသည်။