အပိုင်း(၂၆)(Unicode)
4K 413 7
မေကတ္တီပါလည်း နှစ်ယောက်လုံးရဲ့postအောက်မှာ ဝင်မန့်လိုက်သည်။
"Congratulations! "
လွှမ်းစေသူကတော့ ခပ်တည်တည်ပင် မောင့်statusကို အသည်းလေးပေးလိုက်သည်။လွှမ်းစေသူတင်ထားတာကိုတော့ မောင်သိမှာမဟုတ်သေးပေ။
"မောင် ကျွန်တော့်wallထဲ ဝင်ကြည့်လိုက်"
လွှမ်းစေသူလည်း လျှာထုတ်နေသည့်ပုံလေးဖြင့်မောင့်ကိုစာပို့လိုက်သည်။အဲလေးက ဝင်ကြည့်ခိုင်း၍ အေးချမ်းမောင်လည်း ဝင်ကြည့်လိုက်သည်။
"အာ..ဒီကလေးကတော့ လုပ်ပြီ"
အဲလေးကလည်း status တင်ထားသေးသည်။ဒီတစ်ခါတော့ အဲလေးကို မဆိုချင်ပေ။အဲလေးစိတ်ပူတာလည်း ဖြစ်သင့်သည်။
ထို့်ကြောင့် အေးချမ်းမောင်လည်း အသည်းလေးပေးလိုက်သည်။တချို့သောသူတွေက အံ့ဩနေသလို တချို့လူတွေကလည်း ဝမ်းနည်းသည့်ပုံလေးတွေဖြင့် အဲလေးကို မန့်ထားကြသည်။
အေးချမ်းမောင်ရဲ့statusကတော့ အဲလေးရဲ့အသည်းလေးတစ်ခုသာရှိသည်။ထို့နောက် congratulations ဆိုသည့်မန့်လေးတစ်ခုလည်းရှိနေသေးသည်။အေးချမ်းမောင်လည်း ထိုမန့်လေးကိုကြည့်ပြီးပြုံးလိုက်သည်။
မောင်က အသည်းပေးသွား၍ လွှမ်းစေသူလည်းပြုံးဖြီးနေတော့သည်။မောင့်ကိုမပြောဘဲ တင်လိုက်၍ မောင်က ဆိုမယ်ထင်ပေမယ့် မောင်က မဆိုသည့်အပြင်နားလည်၍ လွှမ်းစေသူကတော့ အပျော်ကြီးပျော်နေလေသည်။
"အဲလေး ဒီည စောစောအိပ်ရအောင်နော်"
"ဟုတ်ကဲ့ မောင်"
"မနက်ဖြန် အလုပ်သွားရမှာလား"
"မသွားရသေးဘူး
အိမ်မှာဆွမ်းကျွေးရှိတယ်"
"​ေဩာ်...ဆွမ်းကျွေးရောက်ရင် ပုဆိုးဝတ်နော်
သံဃာတော်တွေကိုလည်း သေချာကပ်လှူနော် အဲလေး"
"အဲ့ဒီလိုလုပ်ရင် မောင်နဲ့မြန်မြန်ဆုံရမှာလားဟင်"
"ဒါပေါ့ အဲလေးရဲ့"
"ဟုတ်ကဲ့ အဲ့ဒါဆို ဒီနေ့ကစပြီး ကျွန်တော်လည်းဘုရားကန်တော့မယ်နော် မောင်"
"ဟုတ်ပါပြီ အဲလေးက ငါ့စကားဆိုနားထောင်သားပဲ။လိမ္မာလိုက်တဲ့ အဲလေး"