အပို်င်း(၁၈)(Unicode)
5.1K 516 21
အစာငတ်နေသောကလေးတစ်ယောက်ပမာနှုတ်ခမ်းကိုရူးရူးမူးမူးနမ်းရှိုက်နေသောအဲလေးကိုထိန်းရန်အချိန်ကြလေပြီ။ထို့ကြောင့်
အဲလေးရဲ့ရင်ဘတ်ကို လက်ဖဝါးလေးနှင့်အသာတွန်းလိုက်သည်။
"ဘာလို့လဲ မောင်"
အပြစ်ကင်း​ေသာပုံစံလေးနှင့်ပြောကာမောင်ဟု ခေါ်လျက် လိုရာကိုသိမ်းသွင်းချင်နေသည်။အေးချမ်းမောင်လည်း ရှက်ပြုံးလေးပြုံးကာ အကြည့်လွှဲလိုက်လေသည်။
"အဲလေးပြောတော့ချမ်းတယ်ဆို လာတဲထဲဝင်ကြစို့။အင်္ကျီတွေလဲလိုက် ရေစိုလက်စနဲ့တစ်ခါတည်းရေချိူးလိုက်ပါ့လား"
"ရေချိုးလိုက်တော့မယ် ကျွန်တော့်ဆိုင်ကယ်သွားယူလိုက်ဦးမယ်။အင်္ကျီအိတ်ကလည်းဆိုင်ကယ်မှာချိတ်ထားလို့"
ယခုမှ အဲလေးမည်သို့ရောက်လာကြောင်းမေးဖို့သတိရသည်။
"ငါလည်း လိုက်သယ်ပေးမယ်လေ"
အေးချမ်းမောင်လည်းအဲလေးနှင့်အတူတူကိုင်းပင်တွေကြားထဲသို့သွားလိုက်သည်။အဲလေးကဆိုင်ကယ်တွန်းလာ၍အေးချမ်းမောင်လည်းအဲလေးရဲ့အိတ်နှင့်ဆိုင်ကယ်ဦးထုပ်လေးကိုယူလာလိုက်သည်။လမ်းကျဉ်းကျဉ်းလေးထဲနှစ်ယောက်သားလမ်းလျှောက်ရင်းအဲလေးပြောဖူးသည့် မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုသည့်စကားကိုပြန်ကြားယောင်မိသည်။
"မောင် ဘာတွေပြုံးနေတာလဲ"
အေးချမ်းမောင်ကတော့ မောင်ဟူသောနာမ်စားလေးနှင့်ကျင့်သားမရသေးပေ။အစ်ကိုဆိုသည့်အသံလေးကိုချစ်မိပေမယ့် မောင်ဟူ​ေသာအသံလေးကိုလည်း အေးချမ်းမောင် မငြင်းဆန်နိုင်ပေ။မောင်ဟုခေါ်လိုက်တိုင်း ရှက်သွေးဖြာရသူကလည်း အေးချမ်းမောင်ပင်။
လွှမ်းစေသူကတော့ ရှက်ပြုံးလေးပြုံးနေသော မောင့်ကိုသေချာစိုက်ကြည့်နေလိုက်သည်။နေသားကျအောင်လေ့ကျင့်ပေးဦးမှပဲဟုလည်း ညစ်ကျယ်ကျယ်တွေးလိုက်မိသည်။တဲရှေ့ရောက်သည်နှင့်ဆိုင်ကယ်ရပ်လိုက်သည်။
"အဲလေး ရေသွားချိုးတော့​ေလ။
အဝတ်စားတွေငါထုတ်ပေးထားမယ်"
"ဟုတ်ကဲ့"
လွှမ်းစေသူလည်းရေချိုးသွားလိုက်သည်။ရေစဥ့်အိုး​လေးက ဒီတစ်ခါတော့လုံလုံခြုံခြုံထန်းရွက်လေးနှင့်ကာပေးထားသည်။လွှမ်းစေသူကိုလုံခြုံစေချင်၍ ကာပေးထားသည်လား သူမြင်ရတာရှက်၍လားတော့မသိပေ။