အပိုင်း(၃၇)(Unicode)
3.7K 385 45
ဘေးမှဖေဖေနှင့်မေမေတို့ရဲ့ တီးတိုးစကားသံတွေကို လွှမ်းစေသူကြားနေရသည်။
ဟင်းနံ့လေးတွေလည်း ရနေသည်။ထို့ကြောင့် လွှမ်းစေသူလည်း မျက်လုံးလေးဖွင့်ကြည့်လိုက်သည်။
"ဖေဖေ"
အပေါ်မှ အုပ်မိုးကြည့်နေသော ဖေဖေ့ကို လွှမ်းစေသူလည်း ခေါ်လိုက်သည်။
"သား
အိပ်ရေးဝပြီလား"
"ဟုတ်ကဲ့ ဖေဖေ"
သားလေးက ထဖို့အားယူနေ၍ ဦးမင်းသူလည်း သားလေးကို အလိုက်တသိဆွဲမတ်ပေးလိုက်သည်။သားရဲ့ခါးတွေနာမှာစိုး၍ ခေါင်းအုံးလေးခံပေးလိုက်သည်။
"ဖေဖေ
သားက အတိတ်မေ့နေတာမို့လားဟင်
သား ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါ့လား
နော် ဖေဖေ"
အေးချမ်းမောင်လည်း အဲလေးမိဘတွေရဲ့စကားကိုကြားချင်၍ မထသေးဘဲ အိပ်လျက်သာ နားထောင်နေလိုက်သည်။
"အင်း
သားလေး ဆယ်တန်းအောင်တော့ ရှင်စွမ်းမြတ်နဲ့ချစ်သူတွေဖြစ်သွားတယ်။စေ့စပ်ဖို့တောင် အချိန်ရွေးပြီးသွားပြီသားရဲ့။
သားက အခုလို ဖြစ်သွားတော့ သူ့ခမျာ တစ်ယောက်တည်းဖြစ်နေရှာတာပေါ့"
"ဗျာ !
သားက မရှင်စွမ်းမြတ်ကို ချစ်တယ် ဟုတ်လား ဖေဖေ"
လွှမ်းစေသူရဲ့ အာရုံထဲမှာတော့ မရှင်စွမ်းမြတ်ကို ချစ်သူဟူ၍ တစ်ခါမျှမမြင်ခဲ့ဖူးပေ။ယုတ်စွအဆုံး ရင်တောင်မခုန်ခဲ့ဖူးပေ။အခုတော့ စေ့စပ်ဖို့တောင်ရက်ရွေးပြီးပြီတဲ့။
ဒေါ်လွမ်းချိုကတော့ သားလေးကိုကြည့်လိုက် ခင်ပွန်းဖြစ်သူကိုကြည့်လိုက် ခုတင်လေးပေါ်မှာ လဲလျောင်းနေသော ကောင်လေးကိုကြည့်လိုက်နှင့်ဘာမျှဝင်မပြောဘဲ နှုတ်ပိတ်နေလိုက်သည်။အခြေနေတွေအားလုံးက ထင်သလောက်တော့ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။သားလေးရဲ့ ဦးနှောက်ကသာ အလုပ်မလုပ်နိုင်တာ နှလုံးသားက ခုန်နေဆဲလေ။
"ဒါပေါ့ သားရဲ့
သားက သူ့ကို သိပ်ချစ်ခဲ့တာ
ဖေဖေတို့ အသိုင်းဝိုင်းထဲမှာဆို သားတို့အတွဲအရမ်းနာမည်ကြီးတာ"
ဦးမင်းသူကတော့ သားကို လိုရာပုံသွင်းနေလိုက်သည်။အေးချမ်းမောင်ရဲ့ မျက်ရည်တွေကတော့ မျက်ခွံနှင့်ပိတ်ထားတာတောင် စီးကျလျက်ပင်။