"အမေရေ ကယ်ပါဦး
ကိုလေးကကျုပ်ကိုလိုက်ရိုက်နေလို့""အမေ့သမီးက ကျုပ်ကိုသဲနဲ့ပက်သွားတာ
သူ့ကိုအလွတ်မပေးဘူး"အေးမြတ်မွန်ကတော့ ပိုက်ဆံတွေရေတွက်နေသော အမေ့ဘေးမှာ ဝင်ပုန်းရင်းအမေ့အင်္ကျီစကိုဆွဲထားလိုက်သည်။အေးချမ်းအောင်မှာတော့ အေးမြတ်မွန်ကိုရိုက်ချင်ပေမယ့် အမေရှိနေ၍ လက်ရွယ်လျက်သာ ဒေါသထွက်နေတော့သည်။အေးမြတ်မွန်ကတော့ အမေရှိနေသည်မို့ အတင့်ရဲကာကိုလေးကိုလျှာထုတ်
ပြကာပြောင်လိုက်ပြန်သည်။"ငါ့သားရာ မင်းညီမကို ပြောင်မနေပါနဲ့
လာ ငါ့နားလာပြီးပိုက်ဆံဝိုင်းရေပေး"အဖေကခေါ်နေ၍ အေးမြတ်မွန်ကိုမရိုက်တော့ဘဲ ကြပ်ကြပ်သတိထားဟူသောပုံစံဖြင့် အေးမြတ်မွန်ကိုလက်ညှိုးထားကာ အံကြိတ်ပြခဲ့လိုက်သည်။အေးမြတ်မွန်ကတော့ ကိုလေးလက်ကလွတ်သွား၍ပျော်မြူးနေတော့သည်။အေးမြတ်မွန်လည်း အမေ့ဘေးမှာထိုင်ကာ အမေရေပြီးသားပိုက်ဆံတွေကို သေချာစီပေးလိုက်သည်။အေးချမ်းအောင်ကတော့ အဖေ့ဘေးမှာထိုင်ကာ အဖေရေပြီးသားပိုက်ဆံတွေကို ပြည့်မပြည့်ထပ်စစ်ပေးလိုက်သည်။
"ညည်းတို့်အောင်စာရင်းထွက်တော့မှာလား"
"ထွက်နေပြီလို့တော့ကြားတာပဲ
ကျုပ်ကတော့သွားမကြည့်တော့ဘူး
ကျုပ်က အောင်ပြီးသားလေ ဟဲဟဲ"ပိုက်ဆံရေနေရင်းတံတောင်နှင့်တို့်ကာပြောနေသော အမေ့ကို အေးမြတ်မွန်လည်း အရယ်တစ်ဝက်နှင့်ပြောလိုက်သည်။အောင်စာရင်းထွက်သည်ဟုသတင်းကြားသော်လည်း အေးမြတ်မွန်သွားမကြည့်ချင်ပေ။စိုင်ပြင်ကိုသွားကြည့်ရမှာမို့ပို၍တောင်မကြည့်ချင်ပေ။
ကျောင်းဖွင့်လျှင်တော့ သူငယ်ချင်းတွေရဲ့စက်ဘီးနောက်ကလိုက်သွားလို့ရသေးသည်။အခုက ကျောင်းပိတ်ရက်မို့ သူတို့စက်ဘီးကိုသွားမငှါးချင်ပေ။စိုင်ပြင်သွားရအောင်ဆိုပြီးတော့လည်း ခခယယမပြောချင်ပေ။ကျောင်းဖွင့်ရက်တွေတောင် အေးမြတ်မွန်က အလကားမစီး။ထမင်းချိုင့်ထဲ ဟင်းပိုထည့်ကာ သူတို့ကိုကျွေးသည်။သို့မှသာ သူတို့စက်ဘီးနောက်ကလိုက်ရတာ စိတ်ဖြောင့်သည်။စာမေးပွဲကိုလည်း အကောင်းဆုံးဖြေထားခဲ့၍ စိတ်ပူမနေတော့ပေ။အစိုးရစစ်မို့ အမေတို့က စိတ်ပူနေပေမယ့် အေးမြတ်မွန်ကတော့ သူများကိုအားကိုးပြီးတော့ သွားမကြည့်ချင်ပေ။အဖေနှင့်အမေကိုစက်ဘီးဝယ်ခိုင်းချင်ပေမယ့် ကိုလေးကိုဖုန်းဝယ်ပေးမယ်ပြောသံကြား၍ ကုန်ပေါက်များမှာစိုးပြီး အေးမြတ်မွန်မပြောဖြစ်ပေ။ရေတွက်ကာစီနေသောပိုက်ဆံတွေကိုကြည့်ပြီး အေးမြတ်မွန်လည်းပြုံးလိုက်မိသည်။ဒီပိုက်ဆံတွေနှင့်ဆို ကိုလေးအတွက်ဖုန်းဝယ်လို့ရလောက်ပါရဲ့ဟုလည်း တွေးမိပြန်သည်။
ကိုလေးက အရွယ်ရောက်လာပြီမို့ ရှက်တတ်လာပြီ။ဟိုနေ့က ရွာထဲကသူနှင့်ရွယ်တူကောင်လေး ဂိမ်းဆော့နေတာကို ကိုလေးက ငေးကြည့်နေသည်။သူ့ကိုဂိမ်းဆော့ဖို့ဖုန်းငှါးတော့ ကိုလေးက ဝါသနာမပါဘူးဆိုပြီး ငြင်းရှာသည်။သို့ပေမယ့် တစ်ခါတစ်ရံစကားလက်ဆုံကြမိတိုင်း ဖုန်းဝယ်ပြီးလို့ကတော့ ဂိမ်းတွေကိုအားရပါးရဆော့ပစ်ဦးမယ်ဟုလည်း ပြောပြတတ်သေးသည်။
YOU ARE READING
عاطفيةုသွေးအေးလွန်းတဲ့မောင့်ကို အဲလေး စိတ်မရှည်တော့ဘူး။ #လွှမ်းစေသူ အဲလေး အတိတ်ဘဝကဆုတောင်းမှားခဲ့လို့ အခုလို မောင့်ကိုချစ်မိတာလို့ သတ်မှတ်လိုက်ပါ #အေးချမ်းမောင် ************************************** ု်သွေးအေးလွန်းတဲ့မောင့်ကို အဲလေး စိတ်မရှည်တော့ဘူး။ #လွှ...