အပိုင်း(၂၂)
2.2K 183 5
"အနိစ္စ.. ဒုက္ခ...အနတ္တ..မလွယ်ပါလားနော်"
"မောင်ပုတီးစိပ်ချင်စိပ်နေလေ
ကျွန်တော်ကတော့ အိပ်ရာထဲကနေစောင့်နေမယ်"
"အေးအေး အဲလေး အိပ်နှင့်"
"စောင့်ပါမယ်ဆို ဘယ်လိုဖြစ်နေတာလဲ"
"​ဩော် အေးအေး
စောင့်..စောင့်ပါကွာ"
အေးချမ်းမောင်လည်း တဲရှေ့မှာ ပုတီးစိပ်ရင်း ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေလိုက်သည်။ဒီအချိန်ဆို အဲလေးအိပ်လောက်ပါပြီဟုတွေးကာ ပုတီးလေးကို လည်ပင်းမှာဆွဲ​လျက်တဲထဲသို့ဝင်လာလိုက်သည်။
လှုပ်ရှားမှုမရှိဘဲ အသက်ရှူသံမှန်မှန်ဖြင့်အိပ်မောကျနေသော အဲလေးကိုတွေ့မှ အေးချမ်းမောင်လည်း စိတ်သက်သာသွားသည်။လည်ပင်းက ပုတီးလေးကိုချွတ်လိုက်ပြီး အဲလေးဘေးမှာဝင်အိပ်လိုက်သည်။
မောင့်ပုတီးတင်လိုက်၍ အသံလေးတွေထွက်လာတော့ လွှမ်းစေသူလည်း ပြုံးလိုက်သည်။
မောင့်ခါးလေးပေါ်ကို လက်ကလေးတင်လိုက်ပြီး မောင့်ခြေထောက်ကိုလည်း ခွ ထားလိုက်သည်။မျက်လုံးလည်းမဖွင့်ဘဲ စကားလည်းမပြောဘဲနှင့် အိပ်ချင်ဟန်ဆောင်လိုက်သည်။
"ဒီအဲလေးကတော့လေ အိပ်နေတာတောင် ဖက်ချင်နေတုန်း။ဘာလို့ ချစ်စရာကောင်းနေလဲမသိဘူး.."
အေးချမ်းမောင်လည်း အဲလေးဘက်ကိုလှည့်လိုက်ပြီး အဲလေးရဲ့ကျောလေးကိုပွတ်သပ်ပေးလိုက်သည်။ထို့နောက် အဲလေးရဲ့နဖူးလေးကိုလည်း ဖွဖွလေးအနမ်းပေးလိုက်သည်။
လွှမ်းစေသူကတော့ မောင့်ဆီမှအနမ်းလေးရလိုက်၍ ပြုံးနေသည်။မောင့်ကိုတင်းတင်းဖက်ကာ မောင့်ရင်ခွင်လေးထဲသို့တိုးဝင်လိုက်ပြီး အိပ်စက်လိုက်တော့သည်။
*အဲလေးအိပ်စက်အောင် ချော့သိပ်တဲ့လူက ငါပဲဖြစ်ချင်သလို မနက်ခင်းနိုးလာလို့ အဲလေးရဲ့မျက်နှာကိုမြင်ခွင့်ရတဲ့သူကလည်း ငါပဲဖြစ်ချင်တယ် အဲလေးရယ်။ဒါက အတ္တဆိုရင်လည်း အဲလေးနဲ့ပတ်သက်တဲ့ ငါ့အတ္တလေးမို့ တရားနည်းတွေနဲ့မပယ်ရှားချင်တော့ဘူးကွယ်*
"...."
"မောင်ရေ မောင်"
"ဟေ အဲလေး
လာပြီ လာပြီ"