အပိုင်း(၅၃)(Unicode)
3.4K 352 18
"အရိပ်လေးရေ
အခန်းတွင်းအောင်းနေတဲ့သူတွေထွက်လာပါပြီ။ဘယ်သူတွေလဲလို့ ကြည့်လိုက်ပါဦး"
အေးချမ်းအောင်လည်း အရိပ်လေးကို သူ့ဖခင်တွေဆီသို့ ညွှန်ပြလိုက်သည်။အရိပ်​လေးကတော့ ဗုံလေးကို မြှောက်လျက် သူ့ဖေဖေတွေကို စကားပြောနေလေသည်။
"သားလေးရေ
ဦးဦးနဲ့ခဏနေဦးနော် အဖေထမင်းစားလိုက်ဦးမယ် နော် သားလေး"
အေးချမ်းမောင်လည်း သားလေးကို အနမ်းလေးပေးရင်း ပြောလိုက်သည်။
"ကိုကြီးထမင်းစားရင် အစပ်တွေမစားနဲ့"
"ဘာလို့လဲ"
အေးချမ်းအောင်ကတော့ ကိုကြီးကို မျက်စောင်းသာထိုးလိုက်သည်။ပေါက်နေသည့် ကိုကြီးရဲ့ နှုတ်ခမ်းကို မေးငေါ့ပြလိုက်သည်။
"အေး"
အေးချမ်းမောင်ကတော့ မည်သို့ပြောရမည်မသိ၍ အေးဟုပြောကာ အေးချမ်းအောင်ရှေ့မှ ထွက်လာခဲ့လိုက်သည်။ထို့်နောက် အဲလေးနှင့်အတူတူ ထမင်းစားလိုက်သည်။
"အေးချမ်းအောင်
မင်းအပြင်သွားချင်ရင် သွားလေ"
လွှမ်းစေသူလည်း ထမင်းစားပြီး၍ သားလေးဘေးမှာ ဝင်ထိုင်လိုက်သည်။
"အေး
မင်းဆိုင်ကယ် ယူသွားဦးမယ်"
"အေးအေး"
လွှမ်းစေသူကတော့ သားလေးကိုဖတ်ပြမည့် ပုံပြင်စာအုပ်လေးကို လှန်လှောကြည့်နေလိုက်သည်။
"ကိုကြီးရေ ကျုပ်အပြင်သွားလိုက်ဦးမယ်နော်"
"အေးအေး ကောင်းကောင်းစီးသွားဦးနော်"
"ဟုတ်ကဲ့ ကိုကြီး"
အေးချမ်းအောင်လည်း ကိုကြီးကိုနှုတ်ဆက်ပြီး အပြင်သို့ထွက်လာခဲ့သည်။အေးချမ်းအောင်ထွက်သွားသည်နှင့် အေးချမ်းမောင်လည်း တရားစာအုပ်လေးယူ ဖတ်လိုက်သည်။အဲလေးကတော့ သားလေးကို ပုံပြင်ဖတ်ပြနေသည်။
"သားသားရေ ပင်ပန်းလာပြီလားဟင်"
သားလေးက အာရုံမစိုက်တော့ဘဲ ဘေးဘီကိုလျှောက်ကြည့်နေ၍ လွှမ်းစေသူလည်း သားလေးကို မေးလိုက်သည်။