[Zawgyi]
အကျိုးအကြောင်း မဆင်ခြင်နိုင်ဘဲ သတိလက်လွတ် ပြုခဲ့မိတဲ့ လုပ်ရပ်က လက်လွန်သွားခဲ့ပြီဆိုတာ သိပေမယ့် နောက်ပြန်ဆုတ်၍ မရနိုင်တော့ ။ ဒါကို အမှားလို့ သူ မသတ်မှတ်ချင်ပါ ...။သို့သော် တစ်ယောက်သောသူကတော့ အမှားဟု ထင်နေမည်လား... သူ မခန့်မှန်းတက်ချေ ..။
Chan က သူ့ကို ဂရုစိုက်သည့်အခါ သူပျော်သည် ။ ပစ်ထားသည့်အခါ ဝမ်းနည်းသည် ။
ခင်တွယ်စိတ်ကြောင့်ပါလို့ သူစိတ်သူလှည့်ဖျားခဲ့ပေမယ့် အမှန်မဟုတ်တာ သူသိနေသည် ။
Chanနဲ့အတူရှိချိန်တိုင်း ရင်တွေ တလှပ်လှပ်ခုန်ရသည် ။ Chanရဲ့ အပြုအမူ အသေးအဖွဲလေးက အစ သူ သဘောကျမိသည် ။ Chanအပြုံးမြင်တိုင်း သူပျော်ရသလို ထိုအပြုံးကို မတွေ့ရင် ရင်ထဲမှာ ဟာနေအောင် ခံစားတက်နေပြီ...။Chan အပေါ်ထားရှိသည့် သူ့ခံစားချက်တွေ မရိုးသားတော့ဘူးဆိုတာ သူသိရချိန်က ဘယ်လောက်တုန်လှုပ်ခဲ့ရသည်ကို သူတစ်ယောက်သာ အသိဆုံးပင် ..။
ဖြူစင်မှုကို အရောင်ဆိုးနေမိမှန်း သိသော်လည်း သူက ဒီမေတ္တာမှာ ကျွံခဲ့ပြီ..။ ကိုယ်ချစ်မိသူက ယောက်ျားလေးတစ်ယောက်ဖြစ်သည့်အပြင် ထိုယောက်ျားလေးသည် သူ၏ သူငယ်ချင်း...
မဖြစ်နိုင်သည့် အခြေအနေ အများကြီးကို တွေးမိသည့်အခါ Chanနှင့် ဝေးဝေးနေဖို့ စိတ်ကူးမိပေမယ့် ပို၍သာ နီးကပ်လာခဲ့သည် ။
ပထမဆုံးချစ်ခြင်းသည် ယောကျာ်းလေးတစ်ယောက်အပေါ်တွင် ဖြစ်တည်နေခဲ့သည် ..။ သိုပေမယ့် သူ ယောကျာ်းလေးတိုင်းကို သဘောကျနေမိတာ မဟုတ်.... Chanတစ်ယောက်ထဲကိုသာ..
ဒါပေမယ့် Chanက ယုံမည်တဲ့လား... သည်စိတ်ကို ထုတ်ပြဖို့ သူဘယ်လို လုပ်ရဲမှာလဲ... ။ထိုနေ့ညနေခင်းက သူ့အတွက် အတိတ်ဆိတ်ဆုံးဖြစ်ခဲ့သည် ။ သူလုပ်ရပ်အတွက် ထစ်အ
တုန်လှုပ် နေခဲ့သည့်အပြင် ဖြေရှင်းချက် တစ်ခု တောင် သူမပေးနိုင်ခဲ့..။
"ဆင်တစ်ကောင်လုံး မြင်နေပါရက်နဲ့ ဆင်ခြေရာ လိုက်ရှာစရာ မလိုတဲ့ " ..။
" ဘာလို့ ဒီလို လုပ်တာလဲ " လို့ Chan မမေးခဲ့ပေ...။
သူကလည်း " သူငယ်ချင်း မို့"ဟု ဖြေရလောက်အောင် မရူးနှမ်းခဲ့..။
သူ့ခံစားချက်တွေကို Chan သိနိုင်လောက်ပါသည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......