Unicode
" ဘတ်ခ်ဟျွန်းနီး ~~"
ကုတင်တစ်ဖက်ခြမ်းမှာ လှဲနေတဲ့ ဘတ်ခ်ဟျွန်းရဲ့ ပြန်ထူးသံကို မကြားရပေမယ့် အဲ့ဒီအကောင်ပေါက်လေး အိပ်မပျော်သေးဘူးဆိုတာ သိတာကြောင့် ချန်းယောလ်က သူပြောချင်တဲ့ စကားကို ဆက်ပြောလိုက်သည် ။
" တကယ်လို့များ...ကိုယ် ဘတ်ခ်ဟျွန်းနီးကို
တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုရင် ကိုယ့်ကို
စိတ်ဆိုးမှာလား "တွေးတွေးချင့်ချင့်အသံက အမှောင်ထဲတွင် ခပ်လေးလေးထွက်ပေါ်လာတာကို ဘတ်ခ်ဟျွန်း
ငြိမ်ပြီးနားထောင်နေမိသည် ။
သူ့ကို အိမ်ခေါ်သွားပြီး ပြန်မပို့ပေးဘဲ ဇွတ်အိပ်ခိုင်းနေသည့် ချန်းယောလ်ကြောင့် ဘတ်ခ်ဟျွန်း အိမ်ပြန်ဖြစ်တော့ဘဲ ချန်းယောလ်အိမ်မှာသာ အိပ်ဖို့ဖြစ်လာသည် ။
တစ်ကုတင်တည်းမှာ ဟူသော အသိကြောင့်
အိပ်မပျော်နိုင်ဘဲ ရှိရာတွင် ချန်းယောလ်၏ ထူးထူးဆန်းဆန်း စကားတွေက ဘတ်ခ်ဟျွန်းအတွက် စဥ်းစားဖွယ်ဖြစ်လာ၏ ။" ဟမ် ~ ဘတ်ခ်ဟျွန်းနီး.."
သူမေးတာကို မဖြေတဲ့ ဘတ်ခ်ဟျွန်းကြောင့်
ချန်းယောလ် အသံပြုလိုက်သည် ။" ချန်းက ငါ့အပေါ် ဖုံးကွယ်ထားတာ ရှိမယ်ဆိုရင် အဲ့ဒါ ငါ့ကို မထိခိုက်စေချင်လို့ပဲ ဖြစ်မှာပါ "
ဘတ်ခ်ဟျွန်းကို တစ်စုံတစ်ခုအချက်ပြနေသလို
ရှိသော ထိုမေးခွန်းအတွက် အဖြေကို ဘတ်ခ်ဟျွန်းက အလေးအနက်ထား ဖြေပေးလိုက်သည် ။
နောက်ပြီး ထိုအဖြေက ချန်းအပေါ်ထားရှိသည့် သူ့ရဲ့ အစစ်အမှန်ယုံကြည်မှုပင် ။" ဘာလို့လဲ ...ဘာလို့ အဲ့လိုထင်ရတာလဲ "
ဘတ်ခ်ဟျွန်း အမှောင်ထဲတွင် တိတ်တိတ်ကလေး ပြုံးလိုက်ပြီး....
" ငါ ချန်းကို ယုံလို့ပေါ့ ...ချန်းက ငါ့ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ ငါသိနေတယ်လေ "
ဘတ်ခ်ဟျွန်း ရည်ရွယ်ပစ်ခွင်းသော မြှားက တကယ်လည်း ချန်းယောလ်ကို တိုက်ရိုက်ထိမှန်သွားလေသည် ။
ဘတ်ခ်ဟျွန်း၏ အဖြေကို ကြားပြီးမှ ချန်းယောလ် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များ ပိုမို
ကြီးထွားလာကာ ခန္ဓာကိုယ်ကို ကျုံ့ကွေးလုမတက် နာကျင်လာလေသည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......