[Zawgyi]
" Baekhyunee လေး Omma ဒီနေ့ ဆိုလ်းကို သွားမှာနော် "
ညက ပြောပြီးသားဖြစ်ပေမယ့် Omma က မနက်မှာ ထပ်ပြီး ပြောလာသည် ။
သွားနေကျမို့ အဆန်းမဟုတ်ပေမယ့် သူက ဒီနေ့မှာမှ
နေမကောင်းသလို ဖြစ်နေသည် ။" Omma .. သားခေါင်းကိုက်နေတယ် "
" ဒီကောင်လေး ..ဖျားနေပြီလား ? "
သူ့နဖူးပေါ်လက်တင်ကာ စမ်းကြည့်ပြီးနောက်..
" ကိုယ်တွေနွေးနေတာပဲ ..။ Ommaက မသွားလို့ မရတာနဲ့တော့ ခက်နေပီ သားရဲ့ "
အလုပ်ကိစ္စအရေးကြီးနေပုံရသည့် Ommaကို အခက်မတွေ့စေချင်တာကြောင့် ...။
" သား နေရတာ အဆင်ပြေပါတယ် .. Omma စိတ်မပူပါနဲ့ .. သွားစရာရှိတာ သွားပါ "
" ခွေးပေါက်လေး .. မနေ့က ရေချိုးတာ ကြာတာ မဟုတ်ဘူးလား ? "
" ဟီး ..တစ်နာရီလောက်ပါပဲ Ommaရဲ့ "
" ဒါ့ကြောင့်ကိုးး ..ရေအကြာကြီး မချိုးပါနဲ့ဆို ..ခုတော့ တစ်နာရီကြီးများတောင် ..မသွားမဖြစ်လို့သာ
သား Chanကို ခေါ်ပေးထားခဲ့ရမလား ...နေပါအေ
ငါ့ဘာသာပဲ သွားလိုက်ပါ့မယ် "Ommaက သူ့ဘာသာ တစ်တွတ်တွတ်ပြောပြီး တစ်ဖက်ခြံကို ကူးသွားတော့သည် ။
ခဏကြာတော့ Chanနှင့်အတူ ပြန်လာ၏ ။
" နေမကောင်းဘူးဆို Baekhyunee "
" နည်းနည်းပါ ..စိတ်ပူသွားတာလား ? "
" ပူစရာလား ? အနေအထိုင် မဆင်ခြင်လို့ ဖြစ်တဲ့ကိစ္စကို "
" ဟွန့် ! "
သူ နှုတ်ခမ်းမဲ့လိုက်မိသည် ။
အခုတလော လေ့ကျင့်ခန်းလုပ်တာရော အစားလျော့စားတာပါ ပေါင်းပြီး ခန္ဓာကိုယ်က ဒဏ်မခံနိုင် ဖြစ်သွားပုံရသည် ။
မနေ့က Chan အကြောင်းတွေးရင်း ရေစိမ်ချိုးတာ ကြာသွားတာကြောင့် အားနည်းနေသည့် ခန္ဓာကိုယ်က ချက်ချင်း အဖျားပြလာသည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......