[Zawgyi]
Baekhyunသည် အလုပ်ပိတ်ရက်ကို
စာအုပ်တိုက်တွင်ပင် အချိန်ကုန်ဆုံးစေခဲ့သည် ။
စာအုပ်တိုက်က သူဋ္ဌေးနဲ့ ထုတ်ဝေမယ့် စာအုပ်အကြောင်း ဆွေးနွေးပြီး Baekhyun ပြန်လာခဲ့သည် ။မနက်က Chanက သူ့ကိုအိမ်အထိလိုက်ပို့ပေးပြီး
အပြင်ထွက်လည်ဖို့ ပြောသေးသည် ။
သူငြင်းလိုက်တော့ စိတ်ဆိုးပြီး ပြန်သွားလေသည် ။
အခုတလော Chanက သူ့အနား နီးလာလိုက်...
တစ်ခါတစ်လေ ဝေးသွားလိုက်...
သူကရော ဘာထူးလို့လဲ ?
Chanနဲ့ ပိုမို နီးကပ်ချင်စိတ်ကို ထိန်းချုပ်ထားရတာ ...
တူညီတဲ့ အမှားတွေ ထပ်မမှားမိဖို့ ကိုယ့်ရင်ခုန်သံကိုယ် သိုဝှက်ရတာ ဘယ်လောက်ပင်ပန်းသလဲ ...
Chanက သူ့ကို ကြင်ကြင်နာနာ ဂရုစိုက်တိုင်း သူ့ရဲ့
အရည်ပျော်ချင်နေတဲ့စိတ်ကလေးကို အတင်းဟန်ဆောင်ထားရတယ်...။
ဒါတောင် တစ်ချက်တစ်ချက် စိတ်လွတ်သွားတက်သေးတာ ...။" ဒီး..ဒီး.."
အိတ်ကပ်ထဲ ထည့်ထားသည့် ဖုန်း၏ တုန်ခါမှုကြောင့် ထုတ်ကြည့်လိုက်သည့်အခါ မက်ဆေ့ခ်ျ တစ်စောင်ကို တွေ့ရသည် ။
" Baekhyunee က ငါ့ကိုလည်း မချော့ဘူး...."
Chanyeolဆီက ဝင်လာသည့် စာကြောင့် Baekhyun နှုတ်ခမ်းတို့ တွန့်ကွေးကုန်သည် ။
Chanက ဘာဖြစ်ချင်နေတာလဲ ။Baekhyun ဖုန်းကို ပြန်သိမ်းမည်အလုပ် ထပ်ဝင်လာသည့် စာတစ်စောင်....
" အလုပ်က ပြန်လာပြီလား ...ငါလာကြိုပေးရမလား "
" မကြိုနဲ့ !! "
Baekhyun စာပြန်လိုက်တာနဲ့ ချက်ချင်းပြန်ရောက်လာသည့် စာက.....
" Baekhyuneeက ငါ့ကိုမေ့သွားတာလား ..."
Baekhyun စကားဆက်မပြောတော့ဘဲ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည် ။
တစ်ဖက်က Chanyeolသည်လည်း ဖုန်းကို ကိုင်ကာ ပြန်စာကို စောင့်မျှော်နေမိသည် ။
သို့သော် သူ့ရဲ့ဘေးဟျွန်းက စာပြန်ခြင်း မရှိတော့ချေ...
Chanyeol မျက်ခုံးတွေ တွန့်ချိုးသွားသည်အထိ အလိုမကျ ဖြစ်သွားရကာ ဖုန်းကို အိပ်ယာပေါ်ပစ်တင်လိုက်ပြီး သူကိုယ်တိုင်လည်း အိပ်ယာပေါ်တွင် ခြေကားယား လက်ကားယား လှဲနေလိုက်သည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......