Ep...16 📋📋

183 20 5
                                    

[Zawgyi]

          Baekhyun တစ်​​ယောက်​ အိမ်​ပြန်​​ရောက်​တာ နှစ်​ပတ်​​ကျော်​​နေပြီ....
Ommaဆီက Chanအ​ကြောင်း ရသ​လောက်​ လှည့်​ပတ်​​မေး​ပေမယ့်​ Ommaက သိပ်​​ဖြေချင်​ပုံမရဘူး ။ ဒါ့အပြင်​ အခါအခွင့်​သင့်​တိုင်း ချစ်​သူရှာမ​တွေ့​သေးဘူးလားလို့ ​မေးတက်​​သေးသည်​ ။

" Omma ....သားအသက်​ငယ်​ငယ်​​လေးပဲ ရှိ​သေးတယ်​...သူများလက်​ထဲ​ရောက်​သွားရင်​ Ommaသားကို သူများ​တွေ အနိုင်​ကျင့်​မှာ စိတ်​မပူဘူးလား "

" ရယ်​စရာ​တွေ Byun Baek ရယ်​ ... မင်းကသာ တဖတ်​လူကို အနိုင့်​ကျင့်​မှာ ပူရမှာပါ..."

" ​သြော....Ommaက သားကို ဆိုးတယ်​လို့ ​ပြောချင်​တာလား "

" မဟုတ်​လို့လား..."

" သားက အလိမ္မာတုံး​လေးဆိုတာ Omma သိရက်​နဲ့..."

" ငချွဲ​လေး..."

Baekhyunကို ချစ်​သူရှာ​ပေးမယ့်​ Ommaလည်း
နောက်​ဆုံး​တော့ လက်​​လျှော့​လေ၏ ။
သူဘဝတစ်​သက်​တာတွင်​ တစ်​​ယောက်​တည်းကိုပဲ ချစ်​ခဲ့ဖူးသည်​ ။
ထိုတစ်​​ယောက်​တည်းကိုပဲ ချစ်​​နေဆဲဖြစ်​ကာ ​နောင်​လည်း ဆက်​ချစ်​​နေချင်​ပါသည်​ ။
ရူးသွပ်​​သော အပြုအမူဟု ဆိုလင့်​​ကစား ထိုချစ်​​သောသူဖြင့်​သာ အတူတကွ ရှင်​သန်​​နေထိုင်​သွားလို​သော ဆန္ဒရှိပါ၏ ။
အခြားမည်​သူကိုမှ အစားထိုး​ပြောင်းလဲဖို​ မ​တွေးခဲ့​ပေ ။

" Baekhyunee ​ရေ... Omma ဒီ​နေ့ ဆိုင်​ကိုသွားဦးမယ်​​နော်​ "

Ommaက မုန့်​ဆိုင်​​လေး ဖွင့်​ထားသည်​ ။ Baekhyun လည်း တစ်​ခါတစ်​ရံ Ommaနှင့်​အတူ လိုက်​သွား​ပေမယ့်​ ဒီ​နေ့​တော့ အိမ်​မှာ​နေခဲ့ဖို​ ဆုံးဖြတ်​လိုက်​သည်​ ။
Baekhyunကို ​နှုတ်​ဆက်​ပြီး Omma က ထွက်​သွား​လေပြီ ။
ဆိုလ်းမှာ သူနှင့်​အတူ လိုက်​​နေဖို့ ​ပြော​ပေမယ့်​ Ommaက ငြင်းဆန်​ဆဲ...

နေ့လည်​ဘက်​​ရောက်​သည့်​တိုင်​ သူ ​ရေမချိုးဖြစ်​​သေးဘဲ စာအုပ်​ဖတ်​​နေမိသည်​ ။
ပျင်းပျင်းရိရိ ဖြင့်​ လဲ​လျောင်းရင်း ​နွေရာသီ၏ ပူ​လောင်​အိုက်​စပ်​​သော ဒဏ်​ကို ခံ​နေရသည်​ ။
ပြတင်း​ပေါက်​တစ်​ချို့ကို ဖွင့်​လိုက်​​တော့ မြင်​လွှာတစ်​ဖက်​ခြမ်းက Chanရဲ့အိမ်​ .....

Old FrameWhere stories live. Discover now