[Zawgyi]
မနက်ဖြန် စာမေးပွဲ စတင်တော့မည် ။
Chanနှင့်တွေ့ပြီးသည့်နောက်နေ့မှစ၍ အခန်းထဲက သိပ်မထွက်ဖြစ်ဘဲ စာကိုသာ ဖိလုပ်နေမိသည် ။Chanနှင့် မျက်နှာချင်းဆိုင်ရမည်ကို ရှက်ရွံ့မိသည်။ ယခုတစ်ကြိမ်တော့ သူကိုယ်တိုင် ရှောင်ပုန်းခြင်း ...
အချစ်ကိုလည်း ခံစားဖူးပြီ...
ဥပက္ခောသည် ဘယ်လိုမျိုးလဲဆိုတာ သူ သိခဲ့ပြီ...
Chanရဲ့အသံလေးကို လွမ်းသည် ။
One call away ဟု ဆိုခဲ့လေသူကို တစ်ခေါ်စာမက ဝေးပြီလားလို့ မေးချင်သည် ။
သို့သော် အနှောင့်အယှက် ဖြစ်မည်လား စိုးရိမ်မိသည့်အခါ contactထဲရှိ ဖုန်းနံပါတ်ကို သူ မနှိပ်ရဲချေ ။Drama ကားတွေကြည့်ခဲ့စဉ်က တတိယလူကို သူအသည်းအသန် မုန်းဖူးသည် ။
ဝဋ်ဆိုတာ ဒါမျိုးလား ?
Chanအကြောင်းတွေးတိုင်း သူ့ရင်က တစ်ချက်တစ်ချက် စူးခနဲ အောင့်သည် ။
တစ်ယောက်တည်း ကြိတ်ငိုရတာများလာတော့
မျက်ရည်မကျနိုင်လောက်အောင် လူက ထုံနေပြီ ။
Ommaရဲ့အမေးစကားတွေကို ရှောင်ချင်၍ အခန်းထဲ ပိုအောင်းမိသည် ။ဒီနေ့ညတော့ စာတစ်လုံးမှ မလုပ်ရသေး ။ စာမေးပွဲက နက်ဖြန်ဟူသော အသိကြောင့် လူက ရင်တုန်ချင်သလို ဖြစ်နေသည် ။
စာတွေပိုင်နိုင်အောင် ကျက်ထားပေမယ့် စိတ်လှုပ်ရှားနေသည် ။
Chanသာ သူ့ဘေးနားရှိရင် နှစ်သိမ့်အားပေးနိုင်ကောင်းသည် ။အတန်တန်ထိန်းထားသည့်ကြားမှ ဖုန်းကို ဆွဲယူလိုက်သည် ။
စာပို့လိုက်ရင် ကောင်းမလား ?
အတွေးထက် လက်က မြန်သည် ။
သူ " Chan " လို့ စာပို့ပြီးနေပြီ ။
ထိတ်လန့်စွာ စာကို ပြန်ဖျက်ပေမယ့် မမှီတော့ ...
တစ်ဖတ်လူက စာကို ဖတ်ပြီးချေပြီ ။
ထို့နောက် အတန်ကြာမှ reply တစ်လုံး ရောက်ရှိလာ၏ ။" အင်း " တဲ့ ...။
ချစ်နေရသူအဖို့တော့ " အင်း " ဟူသည်ပင် မြတ်နိုးဖွယ်ရာ ...
VOUS LISEZ
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......