Ep...27 ✈✈

178 20 1
                                    

[Zawgyi]

           Chanyeolနဲ့အတူ ကား​နောက်​ခန်းထဲမှာ
လိုက်​ပါလာတဲ့ Baekhyunရဲ့ လည်​ပင်းက တဖက်​ကို ​စောင်းပြီး လိမ်​​နေ​လေသည်​ ။
ဆူပုတ်​ပြီး သူ့ကို အဖက်​မလုပ်​တဲ့ Baekhyunက စိတ်​ဆိုး​နေမှန်းသိတာ​ကြောင့်​ Chanyeol စကားစ​ပြောလိုက်​သည်​ ။

" Hynee..လည်​ပင်းကို ​အဲ့​လောက်​​စောင်း​နေတာ
မနာဘူးလား...."

ဟွန့်​ !!
Baekhyunစိတ်​ထဲကသာ နှာ​ခေါင်းရှုံ့ 
နှုတ်​ခမ်းရွဲ့လိုက်​သည်​ ။
Chanyeol​ကြောင့်​ မနက်​စာလည်း မစားခဲ့ရတဲ့အပြင်​ အင်္ကျီတစ်​စုံ​တောင်​ ထည့်​ခဲ့ရတာ
မဟုတ်​ဘူး ....
အကျင့်​မ​ကောင်းတဲ့ အလုပ်​ရှင်​ ....
Baekhyunက Chanyeolရဲ့ စကားကို မကြား​ယောင်​ပြုပြီး မျက်​လုံးမှိတ်​လိုက်​​တော့သည်​ ။

.
.
.
.
        ဆယ့်​ငါးမိနစ်​ခန့်​ ကြာပြီး​နောက်​ .....
Chanyeol ရဲ့ ကားဟာ ​လေဆိပ်​ကို ​ရောက်​ရှိသွား​လေသည်​ ။

Chanyeolသည်​ နံ​ဘေးတွင်​ အိပ်​​နေ​သော Baekhyun ၏ ပါးကို အသာပုတ်​၍ နှိုးလိုက်​သည်​ ။

" Baekhyunee....​လေဆိပ်​​ရောက်​ပြီ သွားရ​အောင်​...."

မျက်​လုံး​လေး မပွင့်​တပွင့်​ နဲ့ Baekhyunက အင်း
အဲ အသံပြုပြီး နိုးလာသည်​ ။
ထို့​နောက်​ Chanyeolနှင့်​အတူ ကားထဲမှ လိုက်​ဆင်း၏ ။

လူမျိုးစုံ အ​ရောင်​အ​သွေးအစုံဖြင့်​ ပြည့်​နှက်​​နေသည့်
လေဆိပ်​ကို ကြည့်​ကာ Baekhyun စိတ်​​လေသွား​လေသည်​ ။
Baekhyunကိုယ်​တိုင်​ ဝတ်​လာသည်​က ဟူဒီအနက်
လက်​ရှည်​ကို ဂျင်း​ဘောင်းဘီ တစ်​ထည်​ဖြင့်​....။
မျက်​နှာသစ်​ပြီး ​ရေချိုးဖို့ လုပ်​​နေတုန်း အခန်းထဲထိ
ဝင်​လာကာ လက်​ဆွဲ​ခေါ်သည်​ ။
ပြီးတာနှင့်​ ​ "ရေမချိုး​တော့နဲ့ ထုတ်​ပေးထားတဲ့ အင်္ကျီဝတ်​တဲ့ "...

Baekhyunကသာ မ​ကျေနပ်​ချက်​​တွေကို ​တွေး၍
Chanyeolကို ဂျိုကြည့်​ကြည့်​​နေ​သော်​လည်း
ထိုသူက​တော့ ဂရုမပြုမိဘဲ သူလုပ်​စရာ ရှိတာများကိုသာ လုပ်​ကိုင်​​နေသည်​ ။

Chanyeolက သူယူလာသည့်​ ဟမ်​ဘာဂါနှင့်
စ​တော်​ဘယ်​ရီ မစ်​ရှိတ်​ ကို Baekhyun အား
လှမ်း​ပေးသည်​ ။

Old FrameWhere stories live. Discover now