Unicode
" ငါ့ကိုချော့လို့မရတာနဲ့ပဲ ဒီကို ခေါ်လာတယ်ပေါ့ "
ဘတ်ခ်ဟျွန်း မေးလိုက်တော့ ချန်းယောလ်က မျက်နှာငယ်လေးဖြင့် ခေါင်းညိမ့်ပြလာသည်။
ချန်းယောလ်ကိုသူ စိတ်ဆိုးပြီး အတွေ့မခံဘဲ နေနေရာမှ နောက်တစ်နေ့ ညနေမှာ လုဟန်ယူလာတဲ့ စတော်ဘယ်ရီမစ်ရှိတ်နဲ့ ကိတ်ကိုစားပြီး သူအိပ်ပျော်သွားခဲ့တာ ။
ပြန်နိုးလာတော့ သူမသိတဲ့ ပတ်၀န်းကျင်မှာ
ရောက်နေခဲ့ခြင်း ။
သူ သေလုမတက် ထိတ်လန့်သွားခဲ့တာကို
ချန်းယောလ်က သိမည်မထင် ။
ဘတ်ခ်ဟျွန်း စိတ်တိုစွာတွေးလိုက်ပြီး ချန်းယောလ်ကို ကြည့်လိုက်တော့ မျက်နှာငယ်လေး လာလုပ်ပြနေသည် ။အစကတည်းက အကြာကြီး စိတ်ဆိုးဖို့ ရည်ရွယ်ချက်မရှိတာမို့ ဘတ်ခ်ဟျွန်း စိတ်လျှော့ချလိုက်ပြီး....
" နောက်တစ်ခါ ငါမသိဘဲနဲ့ ငါ့ကိုမတိုင်ပင်ဘဲ
လုပ်အုံးမလား "" ဟင့်အင်း ...ဟျွန်းငယ်ကို အားလုံးအသိပေးပါ့မယ် "
ချန်းယောလ်၏ ခေါင်းကို ခပ်သွက်သွက် ရမ်းပြပြီး လက်သန်းလေးထောင်လို့ ကတိပေးနေပုံက ချစ်ဖို့ကောင်းတာမို့ ဘတ်ခ်ဟျွန်း
နှုတ်ခမ်းတွန့်ရုံပြုံးမိသွားသည် ။" အဲ့လိုထပ်လုပ်ရင် ငါဘာပြန်လုပ်ပြမလဲဆိုတာ ကြည့်ကြတာပေါ့ "
အံကိုကြိတ်ပြီး ပြောလာသည့် ဘတ်ခ်ဟျွန်း၏ ပါးနုနုလေးကို ချန်းယောလ်ခပ်ဖွဖွညှစ်ဖျစ်လိုက်သည် ။
နူးညံ့တဲ့ အထိအတွေ့လေး....သူသိပ်လွမ်းနေခဲ့တာ ။" ခုနက အရမ်းလန့်သွားတာလား "
" အင်း...ငါ့ကို လူဆိုးတွေဖမ်းလာတယ်လို့တောင် ထင်သွားခဲ့တာ "
" ဟ..ဟ ကိုယ်ရှိနေသရွေ့လုပ်ရဲပါ့မလား "
ချန်းယောလ် ခပ်ဟဟရယ်လိုက်တော့ ဘတ်ခ်ဟျွန်းသည် ထိုသူ၏ ပုခုံးကို သုံးချက်လောက်ရိုက်ပစ်လိုက်သည် ။
" လာရယ်မနေနဲ့..တကယ်လန့်သွားတာ..အခုဘယ်နေရာခေါ်လာတာလဲ "
" ပင်လယ်လေ...ကိုယ်တို့အခု ကမ်းခြေကိုရောက်နေတာ "
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......