[Zawgyi]
ဆုံလည် ကုလားထိုင်ပေါ်တွင် မှီထိုင်လျက် မျက်နှာတွင် နှစ်ခြိုက်သည့်အရိပ်များဖြင့်
ပြည့်နှက်နေသော သူတစ်ဦး....
ထိုသူမှာ CEO Park Chanyeolသာ ဖြစ်ပါသည် ။
ဈေးကွက်ထဲတွင် ရောင်းအားအကောင်းဆုံး စာရင်းအဖြစ် နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိသော
Baekhyun ၏ ဒီဇိုင်းကြောင့် ယခုကဲ့သို့ ပြုံးရွှင်နေခြင်း ဖြစ်လေသည် ။
ထို့ကြောင့် သူထားရှိခဲ့သော စကားအတိုင်း ဝန်ထမ်းများအား ဂုဏ်ပြုစားပွဲ ကျင်းပဖို့် ပြင်ဆင်ရန်
အတွင်းရေးမှူးအား သတိပေးလိုက်တော့သည် ။" အတွင်းရေးမှူးဟန် ....ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို ရွေးပေးပါ....သီးသီးသန့်သန့် ဆိုင်မျိုးလိုချင်တယ်...တစ်ညလုံး အပြတ်ငှါးလိုက် ..."
" ဟုတ်ကဲ့ CEO...ကျွန်တော်အခုပဲ လုပ်လိုက်ပါ့မယ် "
အတွင်းရေးမှူး၏ ပြန်ကြားသံကို နားထောင်ပြီးနောက် Chanyeolသည် .....
" ဒါနဲ့ မနက်က ကော်ဖီဆိုင်ထဲမှာ Baekhyuneeနဲ့အတူ ရှိနေခဲ့တာလား "
Chanyeol မနက်က ကော်ဖီဆိုင်ကို လာမည်အပြု
Baekhyunနှင့်အတွင်းရေးမှူးအား တွေ့မြင်လိုက်ရခြင်းကြောင့် မသွားတော့ဘဲ အတွင်းရေးမှူးအား
ဖုန်းဆက်ခေါ်လိုက်ခြင်းပင်....
တစ်နေ့လုံးအလုပ်တွေ မပြီးပြတ်သေးခြင်းကြောင့်
ညနေမှသာ မေးမြန်းရခြင်း....။" ဟုတ်ကဲ့ CEO...Baekhyunနဲ့ ခဏစကားပြောဖြစ်တာပါ "
" ဘာအကြောင်းတွေလဲ "
ထိုစကားကြောင့် အတွင်းရေးမှူးသည် ဇဝေဇဝါ မျက်နှာထားဖြင့် Chanyeolအား ကြည့်နေခဲ့သည် ။
ပြောရလျှင် ကောင်းနိုး ၊ မကောင်းနိုး နှိုင်းချင့်နေပုံပင်..." CEO ရဲ့ စာအကြောင်း ပြောပြလိုက်မိပါတယ်..."
Chanyeolသည် မျက်ခုံးပင့်လျက် အတွင်းရေးမှူးအားကြည့်လာ၏ ။
ထိုအကြည့်ကို ကြောက်လာသော အတွင်းရေးမှူးဟန်သည် ခေါင်းကို ငုံ့ချလျက်.....
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......