[ Unicode ]
မနက်အစောပိုင်းတွင် နိုးလာခဲ့သည့်
ချန်းယောလ်သည် မျက်စိပွင့်ပွင့်ချင်းမှာပင်
ဘေးကုတင်တွင် အိပ်ပျော်နေဆဲဖြစ်သော
ဘတ်ခ်ဟျွန်းအား ငေးကြည့်နေမိသည် ။ဘတ်ခ်ဟျွန်းက စောင်အထူကြီးကို ကားယား
ခွလျက် ပါးစပ်သေးသေးလေးဟသည် အထိ
စိတ်လွတ်လက်လွတ် အိပ်မောကျနေသည် ။
အနက်ရောင် ဆံသားနုနုများက မျက်နှာသေးသေးလေးပေါ်တွင် ဟိုသည်တစ်စ ရှုပ်ပွကာ
အုပ်မိုးကျလျက် ၊ မျက်တောင်တိုစိပ်စိပ်ကလေးများက ပိတ်ချထားသော မျက်ခွံမို့မို့ပေါ်တွင်
ယှက်ဖြာနေပုံက ငြိမ်သက်ညင်သာစွာ ။
သူဆင်မြန်းပေးထားသည့် ညဝတ်အင်္ကျီအညိုရောင်လေးက ဘတ်ခ်ဟျွန်း၏ နဂိုကြည်လင်သည့် အသားအရေအား ပို၍ ထင်လင်းစေသလို..
ဘောင်းဘီရှည်မှ တစ်စွန်းတစ်စ လှစ်ဟနေသော ခြေကျင်းဝတ်ဖြူဖြူလေးက ချန်းယောလ် လက်တစ်ဆုပ်စာခန့်သာ ရှိနိုင်ပြီး ခြေချောင်းသေးသေးလေးများက သွေး
ရောင်တောက်နေသည် ။ချန်းယောလ်သည် ဘတ်ခ်ဟျွန်းအား အတန်ကြာသည်အထိ ငေးနေပြီးမှ ကုတင်ပေါ်မှ ဆင်းကာ ခြေဖွဖွနင်းလျက် ရေချိုးခန်းတွင်း
သို့ ဝင်သည် ။
မနက်ကိုးနာရီတွင် သွားရမည့် ဆွေးနွေးပွဲကြောင့် တဆက်တည်း ရေချိုးပြီးနောက် ဝတ်ရမည့် အနက်ရောင် Suitကို ဝတ်ဆင်ပြီးတာနဲ့
သူ ရေချိုးခန်းထဲမှ ထွက်လိုက်သည် ။ဘေးနှစ်ဖက်ပါးထားသော အဖြူရောင်ဆံပင်
တွေကို အပေါ်သို့ သပ်တင်လိုက်ပြီး မှန်ထဲတွင်
ပေါ်နေသော ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်ကာ
ချန်းယောလ် စိတ်တိုင်းကျမှ စားပွဲပေါ်တွင်
တင်ထားသည့် ဖုန်းကိုယူကာ ဝရန်တာဘက်သို့
ထွက်လိုက်၏ ။
ဖုန်းပြောသံကြောင့် ဘတ်ခ်ဟျွန်း နိုးလာမှာ
သူမလိုလားပေ ။ မနက်စာ အဆင်သင့်ဖြစ်စေဖို့ ဖုန်းဆက်မှာပြီးတာနဲ့ အခန်းတွင်းသို့
ပြန်ဝင်လာချိန်တွင် ဘတ်ခ်ဟျွန်းက နိုးနေနှင့်ပြီ ။
ကုတင်ပေါ်က စောင်ပုံထဲတွင် ငုတ်တုတ်ကလေး
ထိုင်လျက်ရှိသည့် ဘတ်ခ်ဟျွန်းက မျက်လုံးတွေကို ပွတ်သပ်ပြီးမှ တစ်စုံတစ်ရာကို လိုက်ရှာသလို အကြည့်လေးက တလည်လည် ။
ချန်းယောလ် ပွေ့ချီမိမတက် အသည်းယားသွား
ရပါသည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......