Ep....37

234 29 9
                                    

       Unicode
 
            " 15မိနစ်တိတိ နောက်ကျတယ်
ချန်း ..."

လက်ထဲမှ နာရီကို ကြည့်လျက် ချန်းယောလ်ကို နှုတ်ခမ်းဆူကာ ပြောလာသူလေးအား
ချန်းယောလ်သည် သူ၏ အပေါ်၀တ် ကုတ်အင်္ကျီကို ချွတ်လျက် ထိုကောင်လေးအပေါ်အား လွှမ်းခြုံပေးလိုက်သည် ။

" စကားနားမထောင်ဘူးကွာ....အထဲမှာပဲ နေပါဆိုတာ အပြင်ဘက်ထွက်စောင့်နေတယ် ...ကြည့်..အခု နှာခေါင်းထိပ်တွေ ရဲနေပြီ "

အအေးဒဏ်ကြောင့် နီရဲနေသော ဘတ်ခ်ဟျွန်း၏ နှာခေါင်းလုံးလုံးလေးကို ချန်းယောလ် အသည်းယားစွာ လက်ညှိုးလက်မ သုံးလျက်
ခပ်ဖွဖွ ညှစ်ပစ်လိုက်တော့ အလိုမကျသော မျက်နှာလေးဖြင့် သူ့လက်အားပုတ်ထုတ်လာသည် ။

ဆူပုတ်နေသာ ဘတ်ခ်ဟျွန်းကြောင့် ချန်းယောလ် မျက်ခုံးတဖက်ပင့်မိသွားပြီး ....

" နောက်ကျလို့ စိတ်ဆိုးနေတာလား ဟုတ်လား "

" ဘာလို့နောက်ကျလဲ ပြော...အခုပြော "

ဘတ်ခ်ဟျွန်း၏ လက်ဖျားလေးတွေကို ချန်းယောလ်ဆွဲယူကာ ဆုပ်ကိုင်လိုက်တော့
ဘတ်ခ်ဟျွန်းလက်တွေက အေးစက်လျက်...။
သူ့လက်ဖဝါးကြီးကြီးထဲမှာ နစ်မြုပ်နေသော
လက်ကလေးနှစ်ဖက်ကို သူအသည်းယားစွာ ကြည့်မိရင်း စကားနားမထောင်သော ကောင်လေးကို ခေါင်းခေါက်၍ ဆူချင်လာရသည် ။

" အပြင်မှာအေးတယ်...ကားထဲမှာ ပြောပြမယ်...နော် "

ချန်း‌ယောလ် လေအေးလေးဖြင့် ပြောသည့်အခါ ချော့မော့ခံရတာ ကြိုက်သည့် ဘတ်ခ်ဟျွန်းက "ဟွန့်"ဟူသော နှာမှုတ်သံတစ်ချက်ဖြင့် သဘောတူလာသည် ။

ကားထဲရောက်တော့ ချန်းယောလ်သည် သူယူလာသော နို့နှင့်ရောထားသော ချောကလက် ခွက်နွေးနွေးလေးကို ဘတ်ခ်ဟျွန်းလက်ထဲ ထည့်ပေးလိုက်ပြီး.....

" အေးနေတယ်မလား ...နွေးတုန်းလေးသောက်နော် ...ဒီဟာ၀ယ်ဖို့ စောင့်နေလို့ နည်းနည်းနောက်ကျသွားတယ်...
မောင့်ကို စိတ်ဆိုးနေလား "

" ဘာကို နည်းနည်းနောက်ကျတာလဲ ...15မိနစ်တိတိ ! "

" ဟုတ်ပါပြီ...ဟျွန်းငယ်ပြောသလို 15မိနစ်တိတိနောက်ကျသွားတာ ...မောင်မှားတယ်နော် "

Old FrameWhere stories live. Discover now