[Zawgyi]
ဒီနေ့က ကမ္ဘာ့ကံအဆိုးဆုံးနေ့များလားလို့
Baekhyun တွေးနေမိသည် ။
Park Chanyeolကို ဒီလောက်ထိဖြစ်အောင် စလိုက်ရသလားဟု Luhanက သူ့ကိုဆူလိုက်တာလေ ။
" တကယ်ပါပဲ... သူ့သူငယ်ချင်းက ငါလား ..
Park Chanyeolလားတောင် မသဲကွဲတော့ဘူး.."ပွစိပွစိပြောပြီး အိမ်ထဲဝင်လိုက်တဲ့အခါ ဧည့်ခန်းထဲ
မှာ မြင်နေရတဲ့သူကြောင့် မျက်လုံးတွေ ပြူးပီး
ရင်ထဲမှာပါ ကုလားဘုရားပွဲလှည့်သွားသည် ။
Ommaနဲ့ စကားတွေပြောနေတာ ....
Park Chanyeol ကြီး ။Baekhyun ကိုမြင်တာနှင့် တစ်ပြိုင်နက် ပြုံးနေတဲ့မျက်နှာက တည်သွားသည် ။
Ommaကလည်း မြင်သွားတာမို့ သူ့ကိုလှမ်းခေါ်၏။ဘုရားရေ... Park Chanyeolကြီးက ငါအိမ်အထိ
လိုက်တိုင်တာထင်ပါရဲ့.. ငါတွေးနေသလို တကယ်ကံဆိုးတဲ့နေ့များလား...အပြစ်လုပ်ထားမိသူမို့ မျက်နှာလေးက
တစ်ဖြည်းဖြည်းအိုကျလာသည် ။ Ommaအပြစ်ပေးရင်မုန့်ဖိုးဖြတ်မှာမို့ သူ့ရပေါက်ကလေး ဆုံးရှုံးသွားမှာ
လည်း ကြောက်မိ၏ ။ အတွေးနှင့်အတူ ခြေလှမ်း
တစ်လှမ်းကို မနည်ရွေ့ယူနေရသည် ။
Byun Ommaလည်း စိတ်မရှည်တော့.." ဒီကလေးနှယ်... လိပ်ကိုသံခြေကျင်းခတ်ထားသလို
နှေးနေလိုက်တာ.. ကိုယ်သူငယ်ချင်းကို နှုတ်ဆက်မယ်မရှိဘူး.."ဆိုဖာပေါ်ထိုင်မိသည်အထိ သူ့မှာရင်တုန်တာ မပျောက်သေး..
မချိုမချဉ် Park Chanyeol မျက်နှာက သူ့ကိုလှောင်ပြနေသလို ။
Byun mama၏ အသံက ထပ်ထွက်လာသည် ။" သားရဲ့သူငယ်ချင်းဆို..ဘေးအိမ်ကိုပြောင်းလာတာမို့ မုန့်လာပို့တာတဲ့..."
" Arr.. ကျေးဇူးပါ..မင်းပြန်တော့မလား.
ငါလိုက်ပို့မယ်လေ.."Baekhyun သူ့ကို မြန်မြန်ပြန်စေချင်သည် ။
မဟုတ်ရင် ..Chanyeolက သူ့လုပ်ရပ်တွေကို
ပြောပြနိုင်သည် ။" Baekhyun ကလည်း ငါအခုမှ မင်းအိမ်ကိုရောက်ဖူးတာလေ.. ခဏလောက် နေပါရစေအုံး.."
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......