[Zawgyi]
ကုတင်ပေါ်တွင် ခြေကားယား လက်ကားယား အိပ်ပျော်နေသည့် ကောင်လေးကို ကြည့်ပြီး Chanyeol ပြုံးလိုက်မိသည် ။
အမူးသမားလေးကို စိတ်မချတာကြောင့် ညဘက် စောင့်အိပ်ပေးခဲ့ခြင်းဖြစ်သည် ။
Baekhyunသာ သိရင် သူ့ကို ဘယ်လောက်များ
စိတ်ဆိုးလိုက်မလဲ ?" ဆိုးလက်စနဲ့ ဆက်ဆိုးလိုက်အုံး Hyunငယ် "
Chanyeol သည် Baekhyun၏ ပါးမို့မို့ နှစ်ဖက်ကို နှာခေါင်းနှစ်လျက် စိတ်ရှိမွှေးကြူပစ်လိုက်သည် ။
" အဟင့် " ဟု အသံထွက်ရုံမှ တစ်ပါး အအိပ်မက်သည့် ကောင်လေးက နိုးမလာခဲ့ပေ ....။
Chanyeolသဘောအကျကြီး ကျသွားပြီး နှစ်ခြိုက်စွာ ပြုံးလိုက်မိသည် ။
ထို့နောက်မှ မိမိခင်းအိပ်ခဲ့သည့် မွေ့ယာပါးပါးလေးကို
ပြန်ခေါက်ကာ နေရာတကျ ပြန်ထားလိုက်သည် ။ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ၊ သွားတိုက်ပြီးသည်အထိ Baekhyunက နိုးမလာသေးပါ ။
Chanyeolသည် မီးဖိုခန်းဘက် ထွက်လာပြီးနောက်
Baekhyunကြိုက်တက်သည့် ဟင်းတစ်ချို့ကို
ချက်ပြုတ်နေလိုက်သည် ။
မီးဖိုခန်း ကျဉ်းကျဉ်းလေးထဲတွင် လေချွန်သံတိုးတိုး
က လွင့်ပျံလို့...........
.
.
.
.
.
Baekhyun မျက်စိနှစ်လုံး ပွင့်လာတော့
အရင်ဆုံး ခေါင်းတစ်ဆစ်ဆစ်ကိုက်နေခြင်းကို သတိထားမိသည် ။" အား ..ကျွတ် ! ညက တော်တော်သောက်လိုက်မိတာပဲ "
နားထင်ရင်းကို လက်ဖြင့်အသာဖိရင်း ကုတင်ဘေးက
နာရီကို ကြည့်လိုက်တော့ မနက် ခုနစ်နာရီ ထိုးနေပြီ ။
အလုပ်ချိန် နောက်ကျမည် စိုးတာကြောင့် အိပ်ယာမှ အလူးအလဲထရင်း ရေချိုးခန်းထဲ ဝင်ရသည် ။
ယိမ်းထိုးနေတဲ့ ခြေလှမ်းတွေကြောင့် ထင်သလောက် မသွက် ....။" အရက်သောက်တုန်းကတာ ကောင်းတာ ...ပြီးရင်
ဒဏ်ခံရတော့တာပဲ "အရက်နာကျသည့် ဒဏ်ကအတော်လေးဆိုးသည် ။
မနေ့ညက စိတ်လွတ် လက်လွတ် သောက်ခဲ့ခြင်း၏
အကျိုးဆက်က လူက နုံးချိနေခြင်ပင် ....။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......