Ep...35

204 25 6
                                    


           နေ့သစ်၏ နွေးထွေးသော ရောင်ခြည်နုနုက ကုတင်အကျယ်ကြီးပေါ်က ဖြူလွလွအိပ်ယာခင်းထက်တွင် နှစ်ခြိုက်စွာ အိပ်‌မောကျနေသော လူသားငယ်လေး၏ အပေါ်သို့ တောက်ပစွာ ဖြာကျနေသည် ။ နေခြည်နုနုက မျက်နှာပေါ်တွင်သက်ဆင်းနေတာကြောင့် မျက်တောင်မွေးတိုစိပ်စိပ်လေးတွေ၏ အရိပ်ကိုပင် ပါးမို့ပေါ်တွင် ထပ်ဟပ်နေစေ၏ ။
ဖြည်းညှင်းသော အသက်ရှုသံနှင့် အိပ်မောကျနေသော ထိုလူငယ်လေးသည် နေရောင်ခြည် အထိအတွေ့ကြောင့် တဖြည်းဖြည်းလွန့်လူးလာလေသည် ။

    မျက်တောင်တို့ကို တဖျတ်ဖျတ်ခပ်ရင်း ဘတ်ခ်ဟျွန်း ရှေ့က မြင်ကွင်းတွေကို ရှင်းလင်းအောင် ပြုနေရသည် ။ လတ်ဆတ်လွန်းသည့်လေက လိုက်ကာဖြူဖြူတို့ ဝေ့ဝဲနေအောင် တိုက်ခတ်လွန်းလှသည် ။
မြို့ပြနှင့်မတူသော အေးမြမှုအထိအတွေ့ နှင့် ဆားငံနံ့ပါသော ပင်လယ်လေ၏ ရနံ့ ။
လေထုထဲရှိ အငွေ့အသက်ကို သတိပြုမိသွားသော ဘတ်ခ်ဟျွန်းသည် မျက်လုံးတို့ အနည်းငယ်ပြူးကျယ်‌သွားအောင် အားယူထလိုက်ပြီး ပတ်၀န်းကျင်ကို လေ့လာလိုက်သည် ။
သူနှင့်စိမ်းသက်လှသော နေရာတစ်ခု ...

ဘယ်သူကများ သူ့ကို ဒီနေရာသို့ ခေါ်ဆောင်လာပါသလဲ ?
သူကရော ခရီးတစ်လျှောက်လုံး မနိုးသည်အထိ ဘယ်လောက်များ အအိပ်မက်ခဲ့ရသလဲ ။
ထိုစဉ် ဘတ်ခ်ဟျွန်း ပထမဆုံးသတိရသူက ချန်းယောလ် ။

ချန်းယောလ်သာ သူပျောက်နေမှန်းသိရင် ဘယ်လောက်များ ပျာယာခတ်နေမလဲ ။အတွေးနှင့်အတူ ဘတ်ခ်ဟျွန်းသည် စိတ်လှုပ်ရှားစွာ ထိုင်နေရာမှထ၍ ဖုန်းကို အသည်းအသန်ရှာတော့သည် ။

" ဂျောက် "

အခန်းတံခါးဖွင့်သံကြားပြီးသည့်နောက် တံခါးသည် ခပ်ဖြည်းဖြည်းချင်း ဖွင့်ဟလာခဲ့သည် ။
ဘတ်ခ်ဟျွန်းသည် ရုတ်တရတ် ကြောက်ရွံ့လာပြီး ဘာလုပ်ရမှန်းမသိဘဲ ကြောင်အစွာ နေရာတွင် တစ်စက္ကန့်မျှ ရပ်နေမိ၏ ။
ထို့နောက် ကုတင်ပေါ်သို့ပြေးတက်ကာ စောင်ကို ခေါင်းအစ ခြေအဆုံး လုံခြုံအောင် ခြုံပြီး အိပ်ချင်ယောင်ဆောင်နေဖို့ အကြံရလိုက်သည် ။

" ဟျွန်းငယ် "

ခပ်ဟဟ ထိုအသံသည် ဘတ်ခ်ဟျွန်း ရင်းနှီးသော အကြိမ်ပေါင်းများစွာ ကြားဖူးနေကျ အသံဖြစ်သည် ။သို့သော် စောင်အထူကြီးအောက်တွင် လှဲလျက်ရှိသည့် ဘတ်ခ်ဟျွန်းက ထိုအသံကို သတိမထားမိချေ ။

Old FrameTempat cerita menjadi hidup. Temukan sekarang