[Zawgyi]
ကန်တင်းက ပြန်လာပြီးကတည်းက ခုံပေါ်ကို
မှောက်အိပ်နေတဲ့ သူ့ကိုကြည့်ပီး Luhan က သက်ပြင်းချတယ် ။
မနက်ခင်း စာသင်ချိန်တုန်းကလည်း သူ စာတစ်လုံးမှ မလိုက်နိုင်ခဲ့ဘူး ။Chanyeol က သူ့ကိုကြည့်နေမှန်း မျက်လုံးထောင့်စွန်းက မြင်နေရသည့်တိုင် သူဂရုမစိုက်မိခဲ့..
မနေ့ကတစ်နေ့လုံး ကိုယ့်ကို ဂရုမစိုက်တဲ့သူကို သူလည်း ပစ်ပယ်ထားသင့်တယ်မလား ??
ကျောင်းဆင်းချိန်တိုင်း သူနဲ့အတူ အိမ်ပြန်တက်တဲ့
Chanyeol က မနေ့ကတော့ မဟုတ်ခဲ့ဘူး...ညနေတိုင်း အိမ်ပြန်ရောက်ရင် စာသင်ပေးလေ့ရှိတဲ့
Chanyeol က မိုးချုပ်မှ အိမ်ပြန်လာခဲ့ပြီး
အရင်လို Baekhyunကို စာသင်ဖို့ လာမခေါ်ခဲ့ဘူး..ညနက်တဲ့ထိ သူစောင့်နေသည့်တိုင် Chanyeolရဲ့ အရိပ်တောင် သူ မမြင်တွေ့ခဲ့ရ ။
ဒါတွေအားလုံးက Kim Misuu ကြောင့်လားလို့ တွေးမိတိုင်း သူဒေါသထွက်သည် ။
နောက်ပြီး Chanyeol က သူ့ကို ဂရုမစိုက်တာကို သူသဘောမကျဘူး ။
နောက်ဆုံးအချက်က သူငယ်ချင်းတစ်ယောက်ရဲ့
ပစ်ပယ်ထားတာကို ခံရတာက " ဒီလောက်ထိ ထိရှလွယ်စရာကောင်းလား ? " လို့ သူတွေးမိပေမယ့်
အဖြေရှာမရတာက ပိုပြီးတော့ စိတ်ညစ်ညူးဖို့ကောင်းတယ် ။Chanyeol ကရော ...
သူသာ Chanyeolကို ပစ်ပယ်ထားမယ်ဆို အခု သူဖြစ်ပျက်နေသလို ခံစားရပါ့မလား ဆိုတာ သိချင်လှတယ် ။
ဒါကြောင့် Chanyeolကို ဒီနေ့ မခေါ်ဘူး ။အကျိုးဆက်ကတော့ .. Chanyeolက Kim Misuu နဲ့ အတူတူ ကန်တင်း ထွက်သွားတာပဲ ။
နေလေ $$ .. နောက်ရက်တွေ ငါမုန့်ဝယ်ကျွေးမယ်လို့ မထင်လိုက်နဲ့ .. ။
" Byun Baekhyun "
နား နားကို တေ့အော်လိုက်တာက Luhan ။
အာ... ခုနက ဘေးမှာ Luhan ရှိနေခဲ့တာပဲ ..
" ငါခေါ်နေတာ ငါးခွန်း ရှိသွားပီ.. မင်းမကြားလို့အော်လိုက်တာ "
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......